Xiaomi ရဲ့အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Redmi ဟာ MediaTek Dimensity 1000+ ချစ်ပ်ဆက်အသစ် အသုံးပြုထားတဲ့ 5G စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်လာမယ်လို့ သတင်းထွက်ထားပြီးသားပါ။ ယနေ့မှာတော့ MIUI 12 Beta Build ထဲမှာ တွေ့ခဲ့ရတဲ့ Redmi K30 Ultra အမည်ရ ဟန်းဆက်အသစ်ဟာ အဆိုပါ Dimensity 1000+ ကို အသုံးပြုထားနိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။

MediaTek Dimensity 1000 စီးရီးထဲမှာ မော်ဒယ်သုံးမျိုးပါဝင်ပြီး Dimensity 1000, 1000L, 1000+ တို့ပဲဖြစ်ပါတယ်။

အခုအသစ်တွေ့လာရတဲ့ Redmi K30 Ultra ဖုန်းဟာ ကုဒ်နာမည် “Cezanne” လို့ပေးထားပြီး Dimensity 1000 စီးရီး ချစ်ပ်ဆက်အသုံးပြုထားတဲ့ ပထမဆုံး Redmi ဖုန်းဖြစ်လာမှာပါ။

MIUI 12 ကုဒ်ထဲမှာ ဒီဟန်းဆက်ဟာ 64MP အဓိက Sensor ဦးဆောင်တဲ့ Quad-camera နဲ့ Pop-up စတိုင် ဆဲလ်ဖီးကင်မရာတစ်လုံးတို့ ပါဝင်လာမယ်လို့လည်း ဆိုထားပါတယ်။

Leak သတင်းထဲမှာ Redmi ရဲ့ Dimensity 1000+ စမတ်ဖုန်းဟာ 120Hz AMOLED Display, In-display Fingerprint, 64MP Sony IMX686 Sensor, Pop-up ဆဲလ်ဖီးကင်မရာ၊ 4,500 mAh ဘက္ထရီနဲ့ 33W အားသွင်းစနစ်တို့ ပါဝင်မယ်လို့ ဆိုထားပါတယ်။

Ref – GizmoChina