Apple ဟာ iPad တွေအတွက် Application ၂ ခုကို Side by Side အသုံးပြုနိုင်တဲ့ Multitasking Feature ကို မိတ်ဆက်ခဲ့တာ အခုဆိုရင် နှစ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိလူသုံးအများဆုံးဖြစ်တဲ့ Gmail ကတော့ အဆိုပါ iPad အတွက် Multitasking Feature ကို Support လုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ ဒါကပြောင်းလဲသွားပြီဖြစ်ပြီး Gmail App ဟာ Multitasking ကို Support ပြုလုပ်သွားတော့မှာဖြစ်သလို တခြား App တွေနဲ့ Side by Side အသုံးပြုနိုင်ဖို့အတွက် Dock ပေါ်မှာလည်း တင်သုံးနိုင်တော့မှာပါ။ အဲ့ဒီအတွက် Gmail ကို Google Photos ၊ Google Calendar လိုမျိုး Application တွေနဲ့ ယှဥ်ပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး Gmail မှာ Multitasking Feature ကို Support ပြုလုပ်သွားတာက အဓိကအားသာချက်အနေနဲ့ Email ရေးနေတဲ့အချိန်မှာ တခြားသော App တွေကနေ Text တွေ၊ ဓါတ်ပုံတွေကို Drag & Drop နဲ့ အလွယ်တကူပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒီအချက်က iPad Pro ကို Magic Keyboard နဲ့ Laptop အစားထိုးအသုံးပြုနေတဲ့သူတွေအတွက် တကယ်အသုံးဝင်တဲ့ Feature ဖြစ်လာမှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Multitasking Support ဟာ Personal Google Account တွေအပြင် G Suite အသုံးပြုသူတွေပါ Gmail Latest Version ကို Update ထားရုံနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ခုရှိတာကတော့ Home Screen Menu Settings ထဲမှာရှိတဲ့ “Allow Multiple Apps” ကို On ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – GSM Arena