Xiaomi ဟာ Android TV Dongle ကို ဖန်တီးနေတဲ့သတင်းတွေထွက်နေတာ ကြာပါပြီ။ အခုတော့ ကုမ္ပဏီက တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး Mi TV Stick ဟာ 1080p ထောက်ပံ့တဲ့ Android TV ဖြစ်ပါတယ်။ Mi TV Stick ဆိုတာ ရိုးရိုး တီဗီတွေရဲ့ HDMI Port မှာ အဲဒါကို ချိတ်ဆက်လိုက်တာနဲ့ အွန်လိုင်းက ရုပ်ရှင်၊ ဗီဒီယို၊ သီချင်း စတာတွေ ကြည့်ရှုနိုင်တဲ့ စမတ်တီဗီလို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Mi TV Stick မှာ Quad-core Processor , 1GB RAM , 8GB Storage ထည့်သွင်းထားပြီး microUSB ကနေ ပါဝါ ကျွေးရမှာပါ။ Android 9.0 OS မောင်းနှင်ထားပြီး Amlogic S905 Y2 Chipset ထည့်ထားပါတယ်။  1GB RAM , 8GB eMMC 5.1 Storage ပါလာပြီး WiFi 5 (ac) ကို ထောက်ပံ့ထားပါတယ်။ Chromecast ပါတဲ့အတွက် သင့် စမတ်ဖုန်းက ဓါတ်ပုံ၊ ဗီဒီယိုတွေကို တီဗီမှာ ကြည့်နိုင်ပါတယ်။

Remote နဲ့ Dongle ဟာ Bluetooth ကနေ ချိတ်ဆက်အလုပ်လုပ်မှာ ဖြစ်ပြီး Netflix, Amazon Prime Video နဲ့ Google Assistant တို့အတွက် သီးခြား ခလုတ်တွေ ပါပါတယ်။ Dolby Audio နဲ့ DTS Support တွေ ထောက်ပံ့ထားပြီး ၃၉.၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သောင်း ၃ ထောင်လောက်ပဲရှိပါတယ်။ 4K ထောက်ပံ့တဲ့ Mi Box S ရဲ့ ဈေးက ယူရို ၆၀ လောက်ရှိတဲ့အတွက် Mi TV Stick က ဈေးပိုသက်သာပါတယ်။ Xiaomi က ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Xiaomi က Mi TV Stick ရဲ့ 4K Version သတင်းကို မပြောသေးပေမယ့် ထွက်လာမယ်ဆိုတဲ့ သတင်းတွေ ပေါက်ကြားနေပါတယ်။ 4K Version ကို အမေရိကန်မှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : 9to5Google, gsmarena