Huawei Enjoy 20s စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၁ ပတ်က TENAA ကနေ ထွက်ပေါ်လာပြီး ဓါတ်ပုံတွေနဲ့ Specs အပြည့်အစုံကို သိလာရပါတယ်။ Huawei က အဲဒီ စမတ်ဖုန်း ကြေညာမယ့် အချိန် အတိအကျကို မပြောသေးပေမယ့် အခုတော့ Live ဓါတ်ပုံ ၁ ပုံ ထွက်လာတဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။
ဓါတ်ပုံမှာ အနောက်ကင်မရာ ၃ လုံးကို တွေ့ရပြီး ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button အောက်မှာ မြှပ်နှံထားပါတယ်။ Home Button အထက်မှာ အသံ ခလုတ်တွေကို တပ်ဆင်ထားပါတယ်။ စမတ်ဖုန်း ကိုယ်ထည်ဟာ အရှည် ဒီဇိုင်း ဖြစ်တဲ့အတွက် အရွယ်ကြီး မျက်နှာပြင် ပါလာမှာပါ။ TENAA မှာ ၆.၈ လက်မ LCD မျက်နှာပြင်နဲ့ 1080p Resolution လို့ ဖော်ပြထားပါတယ်။
Huawei က Enjoy Series တွေကို တရုတ် နိုင်ငံ ပြင်ပမှာ နာမည်ပြောင်း ရောင်းချလေ့ရှိပြီး များသောအားဖြင့် Y Series အနေနဲ့ ပွဲထုတ်လေ့ရှိပါတယ်။ Enjoy 20s ကို ဥရောပနဲ့ အာရှ ပစိဖိတ် နိုင်ငံတွေမှာ Huawei Y10 or Y11 နာမည်နဲ့ ရောင်းချနိုင်ပြီး အဲဒီ နိုင်ငံတွေမှာ ရောင်းအားကောင်းလေ့ရှိပါတယ်။
Ref : gsmarena