HUAWEI ရဲ့ MateBook Series Laptop တွေဟာ အနုပညာမြောက် ဖန်တီးမှုလက်ရာတစ်ခုဖြစ်သလို ခေတ်မီတဲ့ နည်းပညာ ၊ ဆန်းသစ်တဲ့ တီထွင်မှုတွေ ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ ပါးလွှာပြီးသယ်ဆောင်ရလွယ်ကူစေတဲ့ Ultra-slim ဒီဇိုင်း၊ FullView Display တို့နဲ့အပြင် စွမ်းဆောင်ရည် ကောင်းကောင်း အသုံးပြုနိုင်အောင် ဖွဲ့စည်းထားတဲ့ Laptop လို့လည်း ပြောနိုင်ပါသေးတယ်။ အခုလို HUAWEI ရဲ့ Feature အမိုက်စား တွေအပြင် အသစ်အသစ်သော လုပ်ဆောင်ချက်တွေဖြစ်တဲ့ Smart Connectivity Function ကို ထည့်သွင်းလာပြီး အဆိုပါ အချက်က ဈေးကွက်ထဲမှာ ရှိတဲ့သမရိုးကျ Laptop လုံးဝကွဲထွက်နေစေတာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် User Experience အပိုင်းမှာပါ ထူးခြားလာသလို Digital Lifestyle အတွက် ပြည့်စုံတဲ့ ပေါင်းစပ်မှုမျိုး ပေးစွမ်းထားတယ်လို့ ဆိုရဦးမှာပါ။ ဥပမာ Fingerprint Reader နဲ့တွဲထားတဲ့ Power Button ၊ ကီးဘုတ်အတွင်းမှာ မြုပ်ထားတဲ့ ကင်မရာကစလို့ စမတ်ဖုန်းနဲ့ ကွန်ပျူတာ လွယ်လင့်တကူ ချိတ်ဆက်ပေးနိုင်တဲ့ HUAWEI Share လို Innovation မျိုးက သုံးစွဲသူတွေအတွက် ပိုအကျိုး ရှိစေတာပါ။

HUAWEI ရဲ့ MateBook D Series တွေဟာ လူငယ်တွေအတွက် ဖန်တီးထားတယ် ဆိုတဲ့အချက်ကလည်း အဆိုပါ Laptop တွေမှာ မြင်တွေ့နေရတဲ့ Ultra-slim Design နဲ့ စုံလင်တဲ့ Features တွေကြောင့်ပါ။ ဒီ Features တွေဟာ နောက်တနည်း ပြောရရင် နေ့တဓူဝ အသုံးပြုဖို့ လိုအပ်တဲ့ Tools တွေလို့ ပြောနိုင်သလို MateBook D ရဲ့ ပြောင်မြောက်တဲ့ ဒီဇိုင်းပိုင်း ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ Smart Features တွေ ထွေးပိုက်ထားလို့ သုံးစွဲသူ အလိုကျ ဖန်တီးထားတာဖြစ်တယ်လို့လည်း မှတ်ယူနိုင်ပါသေးတယ်။

နောက်တချက်က Entry-level ဖြစ်တာနဲ့အညီ သင့်တင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ဝယ်ယူနိုင်သလို 14 လက်မ Price Range ထဲမှာ MateBook D 14 ဟာ FullView Display ၊ Powerful Performance ပေးစွမ်းနိုင်တဲ့အပြင် သေသပ်လှပတဲ့ ဒီဇိုင်း ၊ Fingerprint Power Button နဲ့ ချိတ်ဆက်မှု အားကောင်းတဲ့ Connectivity အစရှိတဲ့ Hardware Level ထူးခြားချက်တွေ ပိုင်ဆိုင်ထားတာပါ။ ဒါကိုမှ User Experience အပိုင်း ပြည့်စုံနေစေဖို့ HUAWEI Share နဲ့ Smart Connectivity လို Feature မျိုး ထည့်သွင်းပေးထားလို့ Raw Performance အပြင် Productivity အပိုင်းမှာပါ ပြည့်စုံမှုရှိတယ်။ ရုံးသုံး ၊ ကျောင်းသုံးနဲ့ လုပ်ငန်းဆောင်တာ အဝဝ ကိစ္စတွေကစလို့ ရုပ်ရှင်ကြည့် ၊ တေးသီချင်းနားဆင် ၊ ဂိမ်းကစားတာမျိုးအတွက် ကောင်းမွန်တဲ့ Intelligent Assistant လို့လည်း ပြောနိုင်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ HUAWEI MateBook တွေက ရဲ့ပါးလွှာကျစ်လစ်မှုကို အခြေခံထားပြီး MateBook D 14 မှာ ဘေးဘောင်တွေ မပါသလောက် သေးသွယ်တဲ့ Three-side Thin Bezels အသုံးပြုထားပါတယ်။ ဒါကြောင့် Viewing Experience ပိုမိုကောင်းမွန်သလို Laptop တစ်ခုလုံးရဲ့ အထူက 15.9 မီလီမီတာနဲ့ အလေးချိန် 1.38 ကီလိုဂရမ်ပဲ ဝိတ်ရှိပါတယ်။ ဒီအချက်က 14 လက်မတန်းမှာ တန်ဖိုးချင်း တူနေရင်တောင် ပါးလွှာမှု အရှိဆုံးနဲ့ အပေါ့ပါးဆုံး ဖြစ်နေစေတာပါ။

စွမ်းဆောင်ရည်ပိုင်းအတွက် MateBook D 14 မှာ AMD Ryzen 7 3700U Processor နဲ့ Radeon Vega 10 Graphics တို့ ပါဝင်ပြီး Low-to-medium Load လို မတူညီတဲ့ ပါဝါသုံးစွဲမှုမျိုးအတွက် AMD Platform တစ်ခုလုံးကို သီးသန့် Optimize လုပ်ထားပါသေးတယ်။ ဒါ့အပြင် 56Wh (Watt-hour) Battery ထည့်သွင်း ပေးထားတဲ့အချက်က User တွေကို Plug-in အနေအထားနဲ့ မသုံးနေလည်း အားအကုန်မြန်မှာ စိတ်ပူနေစရာ မလိုပါဘူး။

ဒါ့အပြင် Matebook D14 မှာပါဝင်လာတဲ့ HUAWEI Share ဆိုတာကတော့ NFC Support လုပ်တဲ့ Huawei စမတ်ဖုန်းနဲ့ Huawei Matebook D14 ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်တဲ့ Feature ဖြစ်သလို ဒီကတဆင့် Productivity ပိုင်း အတွက်ပိုမို အထောက်အကူဖြစ်စေပါတယ်။ HUAWEI Share မှာ စမတ်ဖုန်း Display ကို PC Screen အဖြစ် အသုံးပြုနိုင်သလို တချိန်ထဲမှာ ဖုန်းနဲ့ ကွန်ပျူတာ နှစ်ခုလုံးကို ထိန်းချုပ်နိုင်လို့ ပိုအကျိုးရှိမှာပါ။ ချိတ်ဆက်လိုက်ပြီ ဆိုတာနဲ့ File တွေကို အလွယ်တကူ Drag & Drop လုပ်ပြီး အပြန်အလှန်ရွှေ့ပြောင်းနိုင်မယ် ၊ စမတ်ဖုန်းထဲက Documents တွေကို Edit လုပ်နိုင်မယ့်အပြင် မိုဘိုင်း Apps တွေပါ Run လို့ရတဲ့အထိ မို့ ကိုယ့်အတွက်ပိုမိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။

MateBook D 14 ရဲ့ Unique Feature ထဲမှာ FullView Display အပါဝင် ဖြစ်သလို အပေါ်ဖက်နဲ့ ဘေးနှစ်ဖက် Bezels တွေက 4.8 မီလီမီတာလောက် သေးသွယ်သွားတဲ့အတွက် သုံးစွဲသူတွေကို 84% အထိ Screen-to-body Ratio မြင်ကွင်းကျယ် မျက်နှာပြင် ပေးစွမ်းထားပါတယ်။ အတိုင်းအတာ အားဖြင့် အတိအကျ ပြောရရင် 322.5 mm x 214.8 mm x 15.9 mm အသီးသီး ရှိပါတယ် ဒီတော့ ပြည့်စုံမှုရှိတဲ့ Perfection Design နဲ့ ဖန်တီးဖို့ရာ စမတ်ဖုန်း ဒီဇိုင်း Philosophy ကို အခြေခံလိုက်ပြီး ဘေးဘောင်တွေ မရှိသလောက် သေးသွယ်သွားတဲ့ FullView Display အဖြစ် Huawei Matebook D14 ကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ ဥပမာ Webcam ကို အပေါ်ဖက် Bezel နေရာက ဖယ်ရှားလိုက်ပြီး Keyboard နဲ့ Integrate လုပ်ထားတာမျိုး ၊ အဆိုပါ Recessed Camera ကြောင့် Bezel တွေကို သေးနိုင်သမျှ သေးသွယ်လာအောင် Cut Down လုပ်နိုင်တဲ့အပြင် Privacy အပိုင်းမှာလည်း ပိုမို အားကောင်းစေတဲ့ အကျိူးကျေးဇူးကို ရရှိစေတာပါ။ ဒီလို ဆန်းသစ်မှုမျိုးအပြင် အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကြံ့ခိုင်မှု Durability ပိုင်းအတွက် Aluminium Alloy သတ္ထုစပ်နဲ့ အားဖြည့်ထားတဲ့ Chassis ဒီဇိုင်းကို အသုံးပြုပေးထားပါတယ်။

ဒီဇိုင်းအလှအပနဲ့ ဖွဲ့နွဲ့မှူတွေကို အသားပေး ပြောနေတဲ့ အလျောက် HUAWEI MateBook D 14 မှာ တပ်ဆင်ထားတဲ့ 14 လက်မ အရွယ် 1,080p IPS Display ဟာလည်း အရည်သွေးကောင်းတဲ့ Panel တစ်ခု ဖြစ်တယ်ဆိုတာပါ။ Anti-glare Protection ပါဝင်တဲ့အတွက် IPS ချင်း အတူတူဆိုရင်တောင် Dynamic Content တွေနဲ့ Animations တွေ ဖော်ပြတဲ့နေရာမှာ အားသာချက် ရှိစေမှာပါ။ 178 ဒီဂရီ Viewing Angle ထောက်ပံ့ထားပြီး 16:9 Aspect Ratio ဆိုတာက Full HD နဲ့အထက် Cinematic Content တွေကို အကောင်းဆုံး ဖော်ဆောင်ပေးဦးမှာပါ။ ဒါကြောင့် 4.8 မီလီမီတာရှိ သေးသွယ်တဲ့ Bezels တွေနဲ့ ပေါင်းစပ်လိုက်ရင် Viewing Experience ကောင်းကောင်း ခံစားနိုင်သလို Matte Panel ဖြစ်တဲ့အတွက် High-resolution ရုပ်ပုံနဲ့ Blu-Ray ဗီဒီယို ကြည့်ရှုတဲ့အခါ Reproduction ကောင်းကောင်းနဲ့ ရှုစားနိုင်မှာပါ။ ဒါ့အပြင် MateBook D 14 ရဲ့ IPS Panel ဟာ TUV Rheinland Certified ဖြစ်တဲ့အလျောက် အမြင်အာရုံ ထိခိုက်စေနိုင်မယ့် Blue Light ကို အထိုက်လျောက် ကာကွယ်ပေးဦးမှာပါ။

Portability အပိုင်းမှာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့အလျောက် Laptop ကိုယ်တိုင်ကလည်း လျော်ညီစွာ ပေါ့ပါးမှုရှိပြီး စတိုင်ကျ ခေတ်မီနေတဲ့အပြင် Display ကို 180 ဒီဂရီ ဖွင့်ထားလို့ရတဲ့အတွက် တမျိုးတဖုံ ဆွဲဆောင်မှု ရှိနေစေပါတယ်။ ဒီအတွက် အားဖြည့်ထားတာက အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း သေးသွယ်တဲ့ Bezels နဲ့ ဝှက်ထားတဲ့ Recessed Camera တို့ပါ။ ဒီအချက်တွေက Slim Laptop တစ်လုံးဖြစ်လာဖို့ အထောက်ကူဖြစ်စေသလို တဖက်မှာလည်း Productivity အပိုင်း ပိုကောင်းစေပါတယ်။

အချုုပ်အားဖြင့်ဆိုရမယ်ဆိုရင် Ultralight အမျိူးအစား Matebook D14 လက်တော့အမျိုးအစားသစ်သည် ပေ့ါပါးကျစ်လစ်လှပသည့်အပြင် စွမ်းဆောင်ရည်ပိုင်းလည်း သင့်တင့်ကောင်းမွန်သောကြောင့် လူငယ်အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ရရှိစေမှာပဲဖြစ်ပါသည်။ HUAWEI Matebook D14 ကို ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိ နီးစပ်ရာအရောင်းဆိုင်များတွင် ကန်ဒေါ်လာ ၆၉၉ (နှင့်ညီမျှသော မြန်မာကျပ်ငွေ) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Matebook 14 ကို ဝယ်ယူသူတိုင်းအတွက် Bluetooth Mouse နှင့် ကျောပိုးအိတ်ကို ရရှိမည့်အပြင် Pre-Order ကြိုတင်မှာယူသူများအတွက်လည်း HUAWEI CPE နှင့် Bluetooth Headphone ကိုလည်း ထပ်မံပေးအပ်သွားမှာ ဖြစ်သည့်အကြောင်းသတင်းပါးလိုက်ရပါသည်။ အသေးစိပ် အချက်အလက်များကို အောက်ဖော်ပြပါ Link တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

Source – HUAWEI