ပြီးခဲ့တဲ့ရက်ကပဲ Apple ဟာ Apple Watch Series 3 အတွက် watchOS 7 beta ကို အများပြည်သူအသုံးပြုနိုင်ဖို့ ဖြန့်ချိပေးခဲ့ပါတယ်။ Apple အနေနဲ့ watchOS beta ကို နှစ်ချီအောင် ကိုင်ထားခဲ့တာဖြစ်ပြီး အခုမှ အားလုံးစမ်းသုံးကြည့်နိုင်အောင် Beta ဗားရှင်းကို ထုတ်ပေးလိုက်တာပါ။

အခုလိုမျိုး ပထမဆုံးအကြိမ်အဖြစ် Public ဗားရှင်းအဖြစ် ထုတ်ပေးလိုက်တာကြောင့် Download ဆွဲဖို့အတွက် Developer အကောင့်ရှိဖို့ မလိုအပ်တော့ပါဘူး။ ဒီအတွက် အသုံးပြုသူအားလုံးနီးပါးဟာ ဗားရှင်းသစ်ကို အလွယ်တကူရယူပြီး စမ်းသပ်အသုံးပြုနိုင်ကြမှာလည်း ဖြစ်ပါတယ်။

Apple ရဲ့ watchOS 7 ဗားရှင်းသစ်မှာ အဓိက ထည့်သွင်းပေးလိုက်တာက အိပ်စက်မှုခြေရာခံစောင့်ကြည့်တဲ့ လုပ်ဆောင်ချက်၊ စက်ဘီးလမ်းကြောင်းဦးတည်ရာကို ပိုတိုးတက်အောင်ပြုပြင်ထားတာ၊ Navigation, Siri Shortcut တွေ အပါအဝင် နာရီမျက်နှာပြင်ကို ပိုပြီးစိတ်ကြိုက်ပြောင်းလဲနိုင်အောင်လုပ်ပေးတာ၊ လက်ဆေးဖို့အတွက် အချိန်မှတ်သတိပေးစနစ်နဲ့ Workout mode အသစ်တွေ ဖြစ်ပါတယ်။

Apple Watch မှာ Sleep tracking ကို နှစ်အတော်ကြာ မမြင်ကြရပါဘူး။ ဒါပေမယ့် အကောင်းဆုံး စမတ်နာရီတွေထဲမှာပါဝင်သလို၊ ရောင်းအားကောင်းတဲ့ စမတ်နာရီစာရင်းမှာလည်း ပါဝင်နေဆဲ ဖြစ်ပါတယ်။ အခုတော့ အိပ်စက်မှုကို အလိုအလျောက် စောင့်ကြည့်ခြေရာခံပေးမှာဖြစ်သလို၊ Health app မှာ Tab အသစ် မြင်ရတော့မှာ ဖြစ်ပါတယ်။ Dancing ကလည်း Fitness workout အဖြစ် ထပ်တိုးလာမှာ ဖြစ်ပါတယ်။

Ref: GSM Arena