Huawei ဟာ ဒီလ ၁၀ ရက်နေ့မှာ Developer Conference ကို ကျင်းပတော့မှာ ဖြစ်ပြီး ဆော့ဖ်ဝဲတွေကို အဓိက ကြေညာနိုင်ပါတယ်။ အခုတော့ ပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာပဲ စိတ်ဝင်စားစရာကောင်းတဲ့ သတင်း တက်လာပါတယ်။
You can try HongMengOS high-end tablets this year😊
This year there is no more hole punch but bezels are still ultra narrow.— Teme (特米)😷 (@RODENT950) September 6, 2020
Huawei ရဲ့ သတင်းအချက်အလက်တွေ ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Teme က ဒီနှစ်ထဲမှာ HongMeng OS ပါတဲ့ စွမ်းရည်မြင့် Huawei တက်ဘလက်တွေ မြည်းစမ်းနိုင်တော့မယ်လို့ သတင်းပေးလိုက်ပါတယ်။
Btw HongMengOS 3.0 is mobile ready OS and first phone with that is coming later 2021 H2.
— Teme (特米)😷 (@RODENT950) September 6, 2020
သူ့ရဲ့ တွစ်တာက ပို့စ်မှာ အဲဒီ စွမ်းရည်မြင့် တက်ဘလက်တွေမှာ Punch Hole ဒီဇိုင်း မသုံးထားပေမယ့် မျက်နှာပြင်ဘေးဘောင်တွေဟာ အရမ်းပါးလွှာမယ်လို့ ရေးထားပါတယ်။ အရင်မျိုးဆက် MatePad Pro နဲ့ MatePad Pro 5G တို့မှာတော့ Punch Hole သုံးထားပြီး အခု တက်ဘလက်တွေဟာ မျိုးဆက်သစ်တွေ ဖြစ်နိုင်ပါတယ်။
နောက်ထပ် ပို့စ် ၁ ခုမှာ သူက HongMengOS 3.0 ကို မိုဘိုင်းဖုန်းတွေအတွက် အသင့် ဖန်တီးထားနိုင်ပြီ ဖြစ်ပြီး အဲဒီ OS ပါတဲ့ ပထမဆုံး ဖုန်းကို နောက်နှစ် ဒုတိယနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ Huawei ဟာ မကြာခင် ကျင်းပမယ့် Developer Conference မှာ HarmonyOS 2.0 (HongMengOS 2.0) ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ နောက်နှစ်မှာ 3.0 Version ကိုချပြမှာ ဖြစ်ပြီး ဖုန်းတွေမှာ ထည့်သုံးနိုင်တဲ့ အဆင့်ရောက်လာမှာပါ။ နောက်နှစ် ဒုတိယနှစ်ဝက်ဆိုတဲ့အတွက် ၂၀၂၁ ခုနှစ် Huawei Developer Conference မှာ ချပြနိုင်ပါတယ်။
Ref : gizmochina