Gionee ဟာ ဈေးချိုပြီး အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့ စမတ်ဖုန်း အသစ်တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း ကုမ္ပဏီက အံ့အားသင့်စရာကောင်းတဲ့ ဖုန်း ၁ လုံးကို ချပြလိုက်ပါပြီ။ Gionee M12 Pro လို့ နာမည်ပေးထားပြီး စွမ်းရည်သင့် Specs တွေ ပါပေမယ့် ဈေးက တန်ဖိုးနည်း ဖုန်းလောက်ပဲ ရှိပါတယ်။

Gionee M12 Pro ရဲ့ Specs တွေအကြောင်း ပြောရမယ်ဆိုရင် ၆.၂ လက်မ HD+ မျက်နှာပြင် ပါလာပြီး Screen-to-body Ratio က ၉၀.၃ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေထဲမှာ ဘောင်ပျောက် ဒီဇိုင်း အမိုက်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဗီဒီယိုကြည့်ရင် အရမ်းကို မိုက်မှာပါ။

Chipset က MediaTek Helio P60 Octa-core ဖြစ်ပြီး 6GB RAM နဲ့တွဲဖက်ထားပါတယ်။ 128GB Storage ထည့်ထားတဲ့ အပြင် microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP Main , Wide-angle , Macro ကင်မရာ ၃ လုံးပါလာပြီး Main က လွဲကာ တခြား ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။

Gionee M12 Pro ရဲ့ ဘက်ထရီက 4,000mAh ဖြစ်ပြီး ဘက်ထရီ သက်တမ်း မဆိုးလှပါဘူး။ ၁၆၀ ဂရမ် အလေးချိန်ရှိပြီး နားကြပ်ပေါက်နဲ့ စတီရီယို စပီကာ ၂ လုံး ပါလာပါတယ်။ တချိူ့သတင်းတွေမှာတော့ LCD Display သုံးထားပေမယ့် In-display Fingerprint Sensor ပါ ပါတယ်လို့ ဖော်ပြထားပါတယ်။ ယွမ် ၇၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၃ သောင်းလောက်ပဲရှိပါတယ်။

Ref : gizmochina