Asus ဟာ ဇူလိုင်လ ၂၂ ရက်နေ့က အိန္ဒိယမှာ ROG Phone 3 ကို ကြေညာခဲ့ပြီး 8GB RAM/128GB Storage နဲ့ 12GB RAM/256GB Storage ၂ မျိုးထုတ်လုပ်ပေးထားခဲ့ပါတယ်။ အခုတော့ Asus က 12GB RAM/128GB Storage ကို ရောင်းပေးလိုက်ပါတယ်။ ၄၉,၉၉၉ ၊ ၅၇,၉၉၉ နဲ့ ၅၂,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး ၈ သိန်း ၈ သောင်း၊ ၁၀ သိန်း ၂ သောင်းနဲ့ ၉ သိန်း ၄ သောင်းလောက် ကျသင့်မှာပါ။ မော်ဒယ်အသစ်ကို ဒီလ ၁၆ ရက်နေ့မှာ Flipkart ရဲ့ Big Billion Days Sale ကနေ ရောင်းမှာပါ။

Asus ROG Phone 3 ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ ၆.၅၉ လက်မ IPS LCD Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 19.5:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ 144Hz Refresh Rate ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာပြီး Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။

Snapdragon 865+ Chipset မောင်းနှင်ထားပြီး LPDDR5 RAM နဲ့ UFS 3.1 Storage တွေကြောင့် Gaming ဖုန်းဆိုတဲ့အတိုင်း အရမ်းကို လျှင်မြန်သွက်လက်ပါတယ်။ USB-C Port ၂ ခုနဲ့ Amplifier ၂ ခုပါတဲ့ DTS X: Stereo စပီကာတွေ ထောက်ပံ့ထားပါတယ်။

30W Fast Charging ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် 24MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 13MP Ultrawide , 5MP Macro ကင်မရာ ၃ လုံး ပါလာပါတယ်။ နားကြပ်ပေါက်နဲ့ microSD Card Slot တော့ မပါလာပါဘူး။

Ref : gizmochina