realme က Q Series 5G ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ Q2 နဲ့ Q2 Pro တို့ ဖြစ်ပြီး Q2 Pro က စွမ်းရည်ပိုမြင့်ပါတယ်။

realme Q2 Pro 5G

Q2 Pro မှာ Dimensity 800U Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ မျက်နှာပြင်က ၆.၄ လက်မ AMOLED 1080p ဖြစ်ပြီး Punch Hole မှာ 16MP ကင်မရာ ၁ လုံး ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Black & White ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

128GB နဲ့ 256GB Version အတွက် ၁,၇၉၉ ယွမ်နဲ့ ၁,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၃ သိန်း ၄ သောင်းနဲ့ ၃ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။ အနောက်ဘက်မှာ Dare to Leap စာသား ရေးထွင်းထားပြီး အညိုရောင် သားရေနဲ့ သက်တန့်ရောင်စုံ ၂ မျိုး ထုတ်လုပ်ထားပါတယ်။ 65W အမြန်အားသွင်းစနစ်နဲ့အတူ 4,300mAh ဘက်ထရီ ပါလာပြီး ၂၁ ရက်နေ့ စရောင်းမှာပါ။

realme Q2 5G

Q2 မှာ နည်းနည်း ပိုကြီးတဲ့ ၆.၅ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး LCD ဖြစ်တဲ့အတွက် လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ Pro မှာလိုပဲ Dimensity 800U Chipset ထည့်သွင်းထားပြီး 128GB Storage ပါပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးပဲ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ ပိုကြီးတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး 30W Fast Charging က တန်ဖိုးနည်း ဖုန်း အတွက် မိုက်ပါတယ်။ 4GB RAM နဲ့ 6GB RAM Version အတွက် ၁,၂၉၉ နဲ့ ၁,၃၉၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး ၂ သိန်း ၄ သောင်းနဲ့ ၂ သိန်း ၆ သောင်း တန်ကြေးရှိပါတယ်။ အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး ၁၉ ရက်နေ့ စရောင်းမှာပါ။

Ref : gsmarena