Samsung ဟာ ဖေဖော်ဝါရီနဲ့ ဇူလိုင်လတွေမှာ Galaxy M31 နဲ့ M31s တို့ကို ကြေညာပြီးနောက် အခုတော့ M31 Prime Edition ကို ချပြလိုက်ပါတယ်။ 6/128GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပြီး ၁၆,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၉ သောင်းလောက် ကျသင့်ပြီး Ocean Blue, Space Black နဲ့ Iceberg Blue ၃ ရောင် ရွေးချယ်နိုင်ပါတယ်။
Galaxy M31 Prime Edition ကို ဒီလ ၁၇ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာ ဖြစ်ပြီး Samsung.com , Amazon.in နဲ့ မြေပြင် စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။ Amazon Prime Member တွေက ၁ ရက်စော ဝယ်ယူနိုင်ခွင့်ရှိပါတယ်။
Galaxy M31 Prime Edition ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ ဒီဇိုင်းဟာ M31 နဲ့ တူပါတယ်။ အဲဒီအတွက် Exynos 9611 SoC နဲ့ ၆.၄ လက်မ FullHD+ Super AMOLED မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု One UI 2.1 မောင်းနှင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ 6,000mAh ဘက်ထရီက တော်တော်ကြီးတယ်လို့ ပြောရမှာ ဖြစ်ပြီး 15W Charging ထောက်ပံ့ထားပါတယ်။
Galaxy M31 Prime Edition မှာ ‘Always On’ Amazon Shopping App ထည့်ထားပြီး Home Screen မှာ ညာဘက်ကို ပွတ်ဆွဲလိုက်တာနဲ့ Amazon က ပစ္စည်းတွေကို မြန်မြန် ဝယ်နိုင်မှာပါ။ Amazon Shopping, Amazon Prime Video, Amazon Prime Music, Kindle နဲ့ Audible တို့လို Amazon Ecosystem App တွေ ထည့်ထားတဲ့ သီးခြား ဖိုဒါ ၁ ခု ထည့်သွင်းထားပါတယ်။ အဲဒါကြောင့်လည်း Prime Edition လို့ နာမည်ပေးထားတာ ဖြစ်နိုင်ပါတယ်။
Ref : gsmarena