OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus Nord စမတ်ဖုန်းနဲ့အတူ ပထမဆုံး TWS Earbuds တစ်ခုဖြစ်တဲ့ OnePlus Buds ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း OnePlus Buds Z နာမည်နဲ့ TWS Earbuds အသစ်တစ်ခုကို OnePlus 8T စမတ်ဖုန်းနဲ့အတူ မိတ်ဆက်လိုက်ပါပြီ။

OnePlus Buds Z TWS Earbuds ဟာ စျေးနှုန်းအနေနဲ့ $45.99 (မြန်မာငွေ ၆ သောင်းဝန်းကျင်) ပဲ ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အရှေ့တုန်းက မိတ်ဆက်ခဲ့တဲ့ OnePlus Buds ထက်တောင် စျေးပိုသက်သာနေမှာပါ။

Design ပိုင်းမှာလည်း Case Design ကို ပြောင်းလဲထားပြီး Earbuds တွေမှာလည်း Silicon Eartips တွေပါဝင်လာပြီဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ OnePlus Buds တုန်းက ရေရှည်အသုံးပြုနေတဲ့အချိန်မှာ နားနာတာကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆရပါတယ်။

Feature ပိုင်းအနေနဲ့ကတော့ 10mm Dynamic Driver တွေကို အသုံးပြုထားပြီး Total Battery Life အနေနဲ့ နာရီ ၂၀ ခန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dolby Atmos 3D Stereo Sound ၊ Bass Boost လိုမျိုး Feature တွေပါဝင်မှာဖြစ်သလို Latency အနေနဲ့လည်း အနည်းဆုံး 103ms ပဲ ရှိမယ်လို့ သိရပါတယ်။ ၁၀ မိနစ်အားသွင်းပြီး ၃ နာရီခန့် နားထောင်နိုင်တဲ့ Fast Charging စနစ်လည်း ပါဝင်ဦးမှာပါ။ Device ၂ ခုကို အမြန်ပြောင်းလဲနိုင်တဲ့ Quick Switch Function ကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Buds Z TWS Earbuds တွေဟာ စျေးသက်သာပြီး အရည်အသွေးကောင်းတဲ့ TWS Earbuds တွေကို ရှာနေတဲ့သူတွေအတွက်တော့ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။

Ref – The Verge