Huawei က သတင်းများစွာ ထွက်နေတဲ့ နာမည်ကျော် Mate 40 Series တွေကို တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီထဲမှာ Mate 40 က ဈေးနှုန်း အနိမ့်ဆုံး ဖြစ်ပြီး Mate 40 Pro ရဲ့ လုပ်ဆောင်ချက် တချို့ မပါလာပေမယ့် စွမ်းရည်မြင့် ဖုန်းတန်းထဲမှာပါနေပါတယ်။ Mate 40 ရဲ့ ၆.၅ လက်မ မျက်နှာပြင်ဟာ Pro ရဲ့ ၆.၇၆ လက်မထက် နည်းနည်း သေးငယ်ပြီး Resolution ကလည်း 2376x1080p နဲ့ 2772x1344p အသီးသီး ရှိကြပါတယ်။ Mate 40 ဟာ Resolution အပိုင်းမှာလည်း နည်းနည်း အားနည်းပေမယ့် 90Hz Refresh Rate , 240Hz Touch Sampling နဲ့ OLED တွေ ပါလာတာက မိုက်ပါတယ်။

The Huawei Mate 40 brings 6.5-inch OLED, triple camera and Kirin 9000E

အနောက်ကင်မရာ ၃ လုံးအတွဲအစပ်ကလည်း ထူးခြားပြီး Periscope မပါလာပါဘူး။ 50MP f/1.9 က လက်ရှိ ဈေးကွက်ထဲမှာ အကြီးမားဆုံး ဆန်ဆာ ဖြစ်လာပြီး 16MP Ultrawide , 8MP 3x Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။

The Huawei Mate 40 brings 6.5-inch OLED, triple camera and Kirin 9000E

Kirin 9000E Chipset မောင်းနှင်ထားပြီး Mate 40 Pro ထက် နည်းနည်း အားနည်းပါတယ်။ Mate 40 မှာ Octa-core CPU ပါပေမယ့် 22-core GPU က Kirin 9000 ရဲ့ 24-core ထက် နည်းနည်း နိမ့်ပါတယ်။ Mate 40 မှာ အများဆုံး အနေနဲ့ 8GB RAM ပဲ ပါလာပြီး Pro မှာ 12GB RAM ထည့်ထားပါတယ်။

Mate 40 နဲ့ Mate 40 Pro ရဲ့ အကြီးမားဆုံး ကွာခြားချက်က ဘက်ထရီနဲ့ အားသွင်းနှုန်း အပိုင်းမှာပါ။ Mate 40 မှာ ပိုသေးတဲ့ 4,200mAh ဘက်ထရီနဲ့ ပိုအားနည်းတဲ့ 40W Wired Charging ပဲ ထည့်ထားပြီး Wireless Charging မပါလာပါဘူး။ Huawei က Mate 40 ရောင်းမယ့် အချိန်ကို မပြောသေးပေမယ့် ဈေးကိုတော့ ကြေညာထားပါတယ်။ 8/128GB ကို ၈၉၉ ယူရို သတ်မှတ်ထားပြီး ၁၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena