ကမ္ဘာအဝန်းမှာ 5G ကွန်ရက်ကိုတောင် ကောင်းကောင်း မတည်ဆောက်နိုင်သေးခင်မှာပဲ 6G ကို စတင် သုတေသန ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ် ကုမ္ပဏီတွေလည်း ပါလာပါပြီ။ Vivo ရဲ့ ဆက်သွယ်ရေး သုတေသန ဌာနမှ အကြီးအကဲ Qin Fei က 6G ဟာ စမတ်ဖုန်း ၊ AR ၊ VR နဲ့ Robots အတွက် အရမ်းကို အရေးပါလာမယ်လို့ ပြောပါတယ်။

Vivo က ကျင်းပတဲ့ 6G Series အစည်းအဝေးမှာ သူက Vivo ဟာ 6G သုတေသနကို စတင်နေပြီလို့ သတင်းပေးလိုက်ပါတယ်။ သူ့အဆိုအရ 6G ကြောင့် AR/VR Glasses တွေဟာ ပိုမို ပါးလွှာလာမှာ ဖြစ်ပြီး လူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ Brain-computer Interface အတွက် Sync လုပ်ရာမှာ အရမ်း မြန်လာမယ်လို့ ပြောပါတယ်။

Vivo Launches 6G Research And Development Team In China - Gizbot News

၂၀၃၀ ခုနှစ်ပြီးနောက်မှာ AI မြင့်မားတဲ့ ဘက်စုံသုံး စက်ရုပ်တွေ တည်ဆောက်နိုင်မှာဖြစ်တဲ့အပြင် တခြား နည်းပညာ နယ်ပယ်တွေမှာလည်း တိုးတက်လာမယ်လို့ Fei က သုံးသပ်ပါတယ်။  5G နဲ့ 6G ကြားက ကွာခြားချက်ကို မေးတဲ့အခါမှာ သူက 6G ဟာ 5G, 4G တို့လို နည်းပညာတွေကို ပိုမို အားဖြည့်ပေးမှာလို့ ဖြေကြားပါတယ်။

6G ကို သုတေသနလုပ်နေတာ Vivo ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးတွေ ဖြစ်တဲ့ Samsung နဲ့ LG တို့ကလည်း သုတေသန စလုပ်နေပါပြီ။ Samsung က ၂၀၂၈ ခုနှစ်မှာ 6G ဝန်ဆောင်မှုပေးမယ်လို့ ကြွေးကြော်ထားပါတယ်။

Ref : gizmochina