ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Samsung ဟာ 5nm Architecture ကို အခြေခံထားတဲ့ Exynos 1080 Chipset ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ Benchmark တွေအရလည်း အဆိုပါ Exynos 1080 Chipset က လက်ရှိ Qualcomm Snapdragon 865+ Chipset ထက်တောင် ပိုပြီးကောင်းမွန်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ ဒီ Exynos 1080 Chipset ကို လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ ဒီ မိတ်ဆက်ပွဲဟာ Exynos 1080 Chipset အကြောင်းပဲ ဖြစ်နိုင်ပြီးတော့ Samsung အနေနဲ့တော့ Exynos 1080 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်လာဦးမှာမဟုတ်ဘူးလို့ ယူရပါတယ်။

အဲ့ဒီအစား Vivo ရဲ့ X60 Series စမတ်ဖုန်းတွေဟာ Exynos 1080 Chipset ကို ပထမဆုံးအသုံးပြုလာမှာဖြစ်ပါတယ်။ မနှစ်တုန်းကလည်း Vivo X30 5G စမတ်ဖုန်းဟာ Exynos 980 Chipset ကို ပထမဆုံးအသုံးပြုခဲ့တဲ့ စမတ်ဖုန်းဖြစ်ခဲ့တဲ့အတွက် ယခုနှစ်လည်း Vivo ကပဲ အစောဆုံးအသုံးပြုလာဦးမှာပါ။

Exynos 1080 Chipset ဟာ 5nm Architecture အပြင် ယခင်ထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းပိုကောင်းတဲ့ ARM Cortex-A78 Core ၊ စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်းပိုကောင်းတဲ့ Mali-G78 GPU တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

Vivo X60 Series ဖုန်းအနေနဲ့ကတော့ Exynos 1080 Chipset အပြင် RAM 8GB LPDDR5 ၊ 512GB UFS 3.1 Storage နဲ့ 120Hz Refresh Rate Display တွေပါဝင်လာမှာဖြစ်ပြီး ကျန်တဲ့ Feature တွေအနေနဲ့ကတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – Gizmo China