Xiaomi ကနေ အခုအချိန်မှာ Android 11 ကို အခြေခံထားတဲ့ MIUI 12 Update တွေကို ဆက်တိုက်ကို ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း Redmi K30 Series ဖုန်းတွေထဲမှာ အအောင်မြင်ဆုံးလို့ပြောနိုင်တဲ့ Redmi K30 5G အတွက်ပါ Android 11-based MIUI 12 Update ကို ထုတ်ပေးလိုက်ပြန်ပါပြီ။

အဆိုပါ Redmi K30 5G အတွက် MIUI 12 Update ဟာ Version Number “MIUI 12.1.1.0 RGICNXM” ဆိုပြီး ထွက်ရှိလာတာဖြစ်ပြီး File Size အနေနဲ့ 2.8GB ဝန်းကျင်ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ China Region အတွက်ပဲ ထွက်ရှိလာတာဖြစ်သလို လောလောဆယ်မှာ လုံးဝ Stable Update အစား Beta Stable အနေနဲ့ပဲ ထုတ်ပေးထားသေးတာဖြစ်ပါတယ်။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Redmi K30 5G ကို Beta Program ဝင်ရောက်ထားတဲ့ အသုံးပြုသူတွေပဲ Android 11-based MIUI 12 Update ကို အသုံးပြုနိုင်ဦးမှာပါ။ ကျန်တဲ့ Stable Update ကိုတော့ လာမယ့် ရက်ပိုင်းအတွင်းမှာ ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Android 11 Update ကို ရရှိလာတယ်ဆိုပေမယ့် MIUI 12 ကိုပဲ အသုံးပြုထားမှာဖြစ်တဲ့အတွက် Security ပိုင်းနဲ့ Privacy ပိုင်း Feature အနည်းငယ်ပြောင်းလဲသွားတာကလွဲပြီးတခြား Feature အသစ်တွေကတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ အခုလိုမျိုး စျေးသက်သာတဲ့ Mid Range စမတ်ဖုန်းတွေကိုပါ အချိန်မြန်မြန်ဆန်ဆန်နဲ့ Android OS Update ပေးနိုင်တာကတော့ အားရဖို့ကောင်းတယ်လို့ ပြောရမှာပါ။

Ref – GSM Arena