Vivo က တရုတ်မှာ Y52s ကို တိတ်တဆိတ် ကြေညာလိုက်ပြီး JD.com ကနေ ရောင်းပေးလိုက်ပါတယ်။ 6/128GB Version ၁,၅၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်းလောက် တန်ကြေးရှိပါတယ်။ နောက် Version ၁ ခုက 8/128GB ဖြစ်ပြီး ၁,၇၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၆ သောင်းလောက် တန်ကြေးရှိပါတယ်။ Titanium Gray , Money နဲ့ Color Sea ၃ ရောင် ရွေးချယ်နိုင်ပြီး ဒီလ ၁၂ ရက်နေ့ ရောင်းမှာပါ။
Vivo Y52s ရဲ့ Specs တွေ အကြောင်း ပြောရရင် ၆.၅၈ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဒီဈေးလောက်ရှိတဲ့ Vivo ရဲ့ ဖုန်းအများစုမှာ ဒီလောက် Refresh Rate မပါတဲ့အတွက် ဒီဖုန်းရဲ့ အားသာချက်လို့ ပြောနိုင်ပါတယ်။
MediaTek Dimensity 720 5G Chipset မောင်းနှင်ထားပြီး microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main နဲ့ 2MP Bokeh ကင်မရာ ၂ လုံးကို LED Flash ၁ လုံးနဲ့တွဲဖက်ထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာကို အရွယ်သေး Notch မှာ ထည့်သွင်းထားပါတယ်။
အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး 18W Fast Charging ထောက်ပံ့ထားပါတယ်။ Android 10 OS အခြေပြု FunTouch OS 10.5 မောင်းနှင်ထားပြီး ဆက်သွယ်မှုအပိုင်းမှာ 5G, 4G LTE, dual-band Wi-Fi, Bluetooth, GPS, 3.5mm Audio Jack နဲ့ USB Type-C Port တွေ ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 164.15 x 75.35 x 8.4mm နဲ့ အလေးချိန်က ၁၈၅.၅ ဂရမ် ရှိပါတယ်။
Ref : mysmartprice