Samsung Galaxy M12 ကို FCC မှာ ပြီးခဲ့တဲ့ ၁ ပတ်က မှတ်ပုံတင်ထားပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-M127F/DS ဖြစ်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။
NBTC မှာ Galaxy M12 ရဲ့ Specs အသေးစိတ်ကို မဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Geekbench မှာ Exynos 850 SoC ပါမယ်လို့ ဖော်ပြထားပါတယ်။ Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Android 11 OS ပါမယ်လို့ သိရပြီး စမ်းသပ်ချက်မှာ 3GB RAM ပါလာမယ်လို့ ဖော်ပြထားပေမယ့် နောက်ထပ် RAM Version တွေလည်း ထွက်လာနိုင်ပါတယ်။
Galaxy M12 မှာ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာမှာ ဖြစ်တဲ့အတွက် ၁ ခါ အားအပြည့်သွင်းထားရင် ၃ ရက်လောက် ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင်က ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ ဓါတ်ပုံတွေအရ Galaxy M12 မှာ အရွယ်သေး Notch တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာဖြစ်ပါတယ်။
Galaxy M12 မှာ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး အောက်ခြေမှာ USB-C Port နဲ့ 3.5mm Headphone Jack တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
Ref : gsmarena