Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ကမ္ဘာ့ပထမဆုံးသော Snapdragon 888 Chipset နဲ့ စမတ်ဖုန်းဖြစ်တဲ့ Mi 11 ကို မိတ်ဆက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် Xiaomi ဟာ Mi 11 အပြင် Mi 11 Pro ဖုန်းကိုပါ မိတ်ဆက်လာမယ်လို့ ခန့်မှန်းထားကြပေမယ့် Mi 11 စမတ်ဖုန်းတစ်မျိုးတည်းကိုပဲ အရင်မိတ်ဆက်သွားခဲ့တာပါ။

အခုအချိန်မှာတော့ Xiaomi ကနေ လပိုင်းအတွင်း Mi 11 Pro ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ပြောကြားခဲ့သလို Hands-on ဓါတ်ပုံတွေလည်း ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးသိရတဲ့သတင်းတစ်ခုအရ Xiaomi ဟာ Mi 11 Pro ကို လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာပါ။ သူ့ရဲ့ ပြောကြားချက်အရတော့ Xiaomi ကနေ Mi 11 Pro ဖုန်းကို တရုတ်နှစ်ကူးဖြစ်တဲ့ ဖေဖော်ဝါရီလလယ်အပြီးမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Xiaomi Mi 11 Pro ဖုန်းဟာ Display ပိုင်းမှာ လက်ရှိ Mi 11 လိုမျိုးပဲ Display အနေနဲ့ 6.81″ QHD+ 120Hz OLED Display ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ Camera ပိုင်းမှာတော့ Mi 11 ဖုန်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ Telephoto Sensor Setup ကိုပါ အသုံးပြုလာနိုင်ပြီး Fast Charging ပိုင်းမှာလည်း ပိုပြီး မြန်ဆန်လာဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း Mi 11 လိုမျိုးပဲ Charger ကိုတော့ ဖုန်းနဲ့အတူ ထည့်သွင်းလာမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi Mi 11 နဲ့ Mi 11 Pro ဘာဝယ်ရမလဲ စဥ်းစားနေရင်တော့ လာမယ့် ဖေဖော်ဝါရီလအထိ ဆက်လက်စောင့်ကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။

Ref – Android Central