Samsung ဟာ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 Series ဖုန်းတွေဟာ ယခင် Samsung Flagship ဖုန်းတွေလိုမျိုးပဲ Region အလိုက် Qualcomm Snapdragon 888 Chipset နဲ့ Samsung ရဲ့ ကိုယ်ပိုင် Exynos 2100 Chipset တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ ယခင်တုန်းက ပြုလုပ်လေ့မရှိတဲ့သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Galaxy S21 Series တွေမှာ အသုံးပြုလာမယ့် Exynos 2100 Chipset ကို ဖုန်းတွေမမိတ်ဆက်ခင် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သီးသန့်မိတ်ဆက်ပွဲပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

 

ဒါက ယခင်နှစ်တွေနဲ့ယှဥ်ရင် ထူးခြားနေပြီးတော့ Samsung က ဒီနှစ်မှာတော့ Qualcomm Snapdragon 888 Chipset ထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ရှိတဲ့ Exynos 2100 Chipset ကို ထုတ်လုပ်ထားတယ်ဆိုတဲ့ သတင်းက သေချာသလောက်ဖြစ်နေပါပြီ။ ယခင် Exynos Chipset တွေဟာ Snapdragon Chipset တွေနဲ့ ယှဥ်ရင် သိသိသာသာကို အားနည်းခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ Exynos 2100 Chipset က Qualcomm Snapdragon 888 ထက် ပိုကောင်းလာတော့မှာပါ။

Exynos 2100 Chipset ဟာ ARM X1 Prime 2.91GHz Core ၊ 4x Cortex-A178 2.81GHz Core တွေနဲ့ Power Efficiency အတွက် 4x Cortex-A55 2.21GHz Core တွေပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့လည်း Snapdragon 888 ထက် ပိုကောင်းတဲ့ Mali GPU ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုလည်း Exynos 2100 Chipset Version ဝင်ရောက်လာမှာဖြစ်တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ Event က စောင့်ကြည့်သင့်တဲ့ Event တစ်ခုဖြစ်လာမှာပါ။

Ref – GSM Arena