Sony ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Xperia 1 နဲ့ Xperia 5 စမတ်ဖုန်းတွေအတွက် Android 11 Stable Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း Sony ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia 5 II အတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Sony ကနေ Xperia 5 II အတွက် Android 11 Update ကို ဇန်နဝါရီလကုန်ပိုင်းမှာ ထုတ်ပေးမယ်ဆိုပြီး စီစဥ်ထားတာဖြစ်ပြီး အခုလောလောဆယ်မှာ Region အနည်းငယ်မှာပဲရရှိနိုင်ဦးမယ်လို့ သိရပါတယ်။ Software Version Number အနေနဲ့ “58.1.A.1.178” ဆိုပြီး ထွက်ရှိလာတာဖြစ်ပြီး Europe ၊ Asia ၊ Russia အပြင် South East Asia Region အချို့မှာပဲ ရရှိမှာဖြစ်ပါတယ်။

File Size အနေနဲ့ကတော့ 700MB ဝန်းကျင်ပဲ Download ပြုလုပ်ရမှာဖြစ်ပြီး OTA Update အပြင် Xperia Companion Tool ကို အသုံးပြုပြီးလည်း Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 ဖြစ်သွားတာကလွဲပြီး သီးသန့် Sony ရဲ့ Feature တွေပါဝင်မှာမဟုတ်ပါဘူး။

Sony Xperia 5 II စမတ်ဖုန်းဟာ Full HD+ 120Hz Display ပါဝင်တဲ့အပြင် Qualcomm Snapdragon 865 Chipset ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Triple 12MP ZEISS Camera Setup ကြောင့် ၂၀၂၀ ခုနှစ်အတွက် အောင်မြင်မှုရရှိခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Sony Xperia Flagship ဖုန်းတွေအကုန်လုံး Android 11 Update ရရှိနေပြီဖြစ်ပါတယ်။

Ref – XDA-Developers