Samsung ဟာ ၂၀၂၀ ဩဂုတ်လမှာ Galaxy Tab S7 နဲ့ S7+ ကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာလည်း အဲဒီအချိန်လောက်မှာ မျိုးဆက်သစ် Tab S8 Series ကို ချပြနိုင်ပါတယ်။ အခုတော့ Tab S8 Series မှာ Tab S7 Series ထက် အနည်းငယ်ပဲ တိုးတက်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Samsung Galaxy Tab S7

Tab S8 မှာ Snapdragon 888 Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး ၁၁ လက်မ LCD 120Hz မျက်နှာပြင် ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ Tab S8+ မှာ ၁၂.၄ လက်မ AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ အဆင့်မြှင့်ထားပြီး Chipset ကတော့ SD888 ပဲ ဖြစ်နိုင်ပါတယ်။

Samsung Galaxy Tab S7 and Galaxy Tab S7 Plus review | TechRadar

Galaxy Tab S8 Series မှာ 8GB /12GB RAM နဲ့ 128GB/256GB/512GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ Tab S8 မှာ အရင်မျိုးဆက် Tab S7 မှာလို 8,000mAh ဘက်ထရီနဲ့ Tab S8+ မှာလည်း Tab S7+ မှာလို 10,090mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ 25W Fast Charging ထောက်ပံ့ထားနိုင်ပြီး Tab S7 , S7+ မှာ 45W Rapid Charging တောင် ထည့်ပေးထားတာပါ။

Tab S8 Series မှာ အသေးစား တိုးတက်မှုပဲ ပါလာတယ်ဆိုပေမယ့် ဆော့ဖ်ဝဲနဲ့ Multi-tasking လုပ်ဆောင်ချက်တွေ အများကြီး တိုးတက်လာနိုင်ပါတယ်။ ဈေးနှုန်းတွေက အရင်မျိုးဆက်တွေနဲ့ တူညီနိုင်ပြီး Tab S7 ကို ၆၄၉ ဒေါ်လာ၊ Tab S7+ ကို ၈၄၉ ဒေါ်လာနဲ့ ရောင်းပေးခဲ့တာပါ။ ၈ သိန်း ၆ သောင်းနဲ့ ၁၁ သိန်း ၃ သောင်းလောက်တန်တဲ့ အမိုက်စား တက်ဘလက်တွေပါ။

Ref : gizmochina