Twitter ဟာ အခုအချိန်မှာ မြန်မာနိုင်ငံမှာ အသုံးပြုသူများပြားလာပြီဖြစ်ပါတယ်။ အခုလည်း Twitter ကို iOS Device တွေမှာ အသုံးပြုနေတဲ့သူတွေအတွက် အသုံးဝင်မယ့် Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကတော့ Twitter မှာရှိတဲ့ Tweet တွေကို Instagram Stories အနေနဲ့ တိုက်ရိုက်တင်နိုင်တော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်ပြန်လည် မျှဝေချင်တဲ့ Tweet ရှိတယ်ဆိုရင် Share Menu ကနေ တစ်ဆင့် Instagram Stories ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

ဒါပေမယ့်လည်း အားနည်းချက်အနေနဲ့ကတော့ Instagram Stories မှာ Tweet အနေနဲ့ Share လိုက်ပေမယ့်လည်း ကြည့်ရှုသူတွေက အဆိုပါ Tweet ကို ထောက်ကြည့်ပြီး Twitter မှာ သွားရောက်ကြည့်ရှုနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ Twitter က ဒါကို Fix လုပ်ပေးနိုင်ပေမယ့် လောလောဆယ်မှာတော့ Screenshot ပြုလုပ်ပြီး Stories အနေနဲ့ Share တာနဲ့ အတူတူပဲလို့တောင် ပြောနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Feature ဟာ iOS Device တွေမှာ အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင်မှာ Android Device တွေမှာလည်း ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Engadget