Samsung ဟာ အခုနောက်ပိုင်းမှာ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေထက် Software Update ပိုင်းကို ပိုပြီးအာရုံစိုက်လာတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Mid Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy A52 ဖုန်းအတွက် August Security Patch Update ကို ထုတ်ပေးခဲ့ပါတယ်။

အခုလည်း Samsung ကနေ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S21 Series ဖုန်းတွေအတွက် August Security Patch Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါက စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ အစောဆုံးဖြစ်ပြီး Google Pixel ဖုန်းတွေထက်တောင် ပိုမိုမြန်ဆန်နေတာဖြစ်ပါတယ်။

အဆိုပါ August Security Patch ပါဝင်တဲ့ Firmware Version ကိုတော့ “G99x0ZCU2AUGE” လို့ နာမည်ပေးထားပြီး File Size အနေနဲ့ 300MB ဝန်းကျင်ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ August Security Patch အပြင် တခြားသော Minor Bug Fix တွေလည်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Samsung ကနေ အဆိုပါ Update ကို တရုတ်နိုင်ငံအတွက် အရင်ဆုံးထုတ်ပေးထားပြီး မကြာခင်မှာ Hong Kong နဲ့ Taiwan Region တွေမှာပါ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတွက် Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ August Security Patch Update မရရှိသေးဘူးဆိုရင် အချိန်အနည်းငယ်စောင့်ဆိုင်းဖို့ လိုအပ်မှာပါ။

Ref – GSM Arena