Apple ဟာ လာမယ့် စက်တင်ဘာလအတွင်း iPhone 13 Series ကို မိတ်ဆက်ဖို့စီစဥ်ထားတာကိုတော့ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Apple ဟာ iPhone 13 Series တင်မဟုတ်ဘဲ တခြား Product တွေကိုပါ စက်တင်ဘာလအတွင်းမှာ မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

အဲ့ဒီထဲက Product တစ်ခုကတော့ iPad 9 ပဲဖြစ်ပြီး Apple iPad တွေထဲက စျေးအသက်သာဆုံး iPad လည်းဖြစ်ပါတယ်။ Apple ဟာ iPad 9 ကို ယခင်နဲ့မတူဘဲ အဆင့်မြှင့်တင်မှုတွေ သိသိသာသာပြုလုပ်လာမှာဖြစ်ပြီး ယခုနှစ် Tablet ရောင်းအားကို သန်း ၆၀ ပြည့်မှီဖို့အထိ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Apple ကနေ Codename J181 လို့ပေးထားတဲ့ iPad 9 ဟာ Screen Size အနေနဲ့ လက်ရှိ iPad 8 လိုမျိုးပဲ 10.2″ Display ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် Processor ပိုင်းကို A13 Bionic Chip ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ထက် သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple iPad 9 ဟာ Design ပိုင်းကိုလည်း အဆင့်မြှင့်တင်လာမှာဖြစ်ပြီး ပိုမိုပါးလွှာအောင် ပြုလုပ်လာမယ်လို့ သိရပါတယ်။ Apple ဟာ လက်ရှိ Aluminum Body Chassis အစား Titanium Body ကိုပါ ပြောင်းလဲအသုံးပြုဖို့အထိ စဥ်းစားထားတယ်လို့ သိရပေမယ့် တကယ်တမ်းမှာ ထုတ်လုပ်မှုပိုင်းမှာ ကုန်ကျစရိတ်ပိုများနိုင်တာကြောင့် ပါဝင်လာဖွယ်မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Entry Level Tablet တစ်လုံးကို ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ Apple iPad 9 ဟာ ကျိန်းသေပေါက်စောင့်ဆိုင်းသင့်ပြီဖြစ်ပါတယ်။

Ref – 9to5Mac