လက်ရှိအချိန်မှာ စမတ်ဖုန်းတွေဟာ 3.5mm Headphone Jack ကို တဖြည်းဖြည်းဖြုတ်နေကြတာဖြစ်ပါတယ်။ အခုလိုမျိုး 3.5mm Headphone Jack ပါဝင်လာမှုနည်းပါးလာတာနဲ့အတူ အသုံးပြုသူတွေကလည်း Bluetooth Earbuds တွေ Headphone တွေအသုံးပြုမှုမြင့်တက်လာပါတယ်။

အခုဆိုရင် Bluetooth TWS Earbuds တွေဟာ Design ပိုင်းအရသေးငယ်ပြီး Feature ပိုင်းတွေမှာလည်း Active Noise Cancellation (ANC) လိုမျိုးကို ထည့်သွင်းလာကြတာကြောင့် တော်တော်လေးကို ကောင်းမွန်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် Bluetooth Earbuds တွေမှာ အားနည်းချက်တစ်ခုရှိနေသေးပြီး ဒါကတော့ Audio Quality ပိုင်းပဲဖြစ်ပါတယ်။

လောလောဆယ်မှာ Sony က ထုတ်ထားတဲ့ High-End Earbuds နဲ့ Headphone တွေမှာပဲ ပါဝင်တဲ့ LDAC Codec လိုမျိုးကတော့ Hi-Res Audio ကို Support ပေးနိုင်ပေမယ့် ပုံမှန် Earbuds တွေနဲ့ Headphone တွေအများစုမှာ အသုံးပြုနေကြတဲ့ Qualcomm AptX နဲ့ AAC Codec တွေကတော့ Hi-Res ကို Support ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကိုပြောင်းလဲနိုင်ဖို့အတွက် Qualcomm ကနေ Hi-Res Support ပေးနိုင်တဲ့ AptX Bluetooth Codec ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

AptX Lossless Codec ဟာ အားသာချက်အနေနဲ့ကတော့ Hi-Res CD Quality ဖြစ်တဲ့ 16-bit 44.1kHz အထိ Support ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Support ပြုလုပ်နိုင်ခြင်းမရှိခဲ့တာကြောင့် အခုအချိန်မှာ နားထောင်ရတဲ့ Experience က ပိုပြီးကောင်းမွန်စေမှာဖြစ်ပါတယ်။

အခု AptX Lossless နဲ့ နားထောင်နေတဲ့အချိန်မှာ Audio Quality ကျသွားခြင်းမရှိစေဖို့အတွက်လည်း AptX Adaptive with Qualcomm Bluetooth High Speed Link နည်းပညာကို အသုံးပြုထားပါတယ်။ အဆိုပါနည်းပညာဟာ အသုံးပြုနေတဲ့အချိန် Connection ပြတ်တောက်သွားခြင်းမရှိအောင် ကာကွယ်ပေးမှာဖြစ်ပြီး Transfer Rate ကိုလည်း 1Mbit/s အထိ ပေးပို့နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Qualcomm ကနေ အခုလိုမျိုးမိတ်ဆက်လိုက်ပြီဖြစ်တာကြောင့် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Qualcomm Chipset တွေနဲ့ Bluetooth Earbuds တွေမှာ Hi-Res Audio ကို အလွယ်တကူနားထောင်နိုင်တော့မှာဖြစ်ပါတယ်။

Ref – Android Central