Virtual အိမ်မွေးတိရိစ္ဆာန် ဂိမ်းကို ဖန်တီးထားတဲ့ Neopets က NFTs နယ်ပယ်ထဲကို ဝင်ရောက်လာပါပြီ။ Neopets အကြောင်း မသိသူတွေအတွက် ပြောပြချင်ပါတယ်။ ၂၀၀၀ ခုနှစ် အစပိုင်းနဲ့ အလယ်ပိုင်းမှာ Neopets ဟာ စတင် နာမည်ကြီးလာပြီး User တွေဟာ Virtual Pet တွေကို မွေးမြူရတာ ဖြစ်ပါတယ်။ ဂိမ်းလို သဘောမျိုး ဖြစ်ပြီး User တွေက အစာကျွေးတာ၊ Item တွေ စုဆောင်းကာ Customize လုပ်တာတွေ ပြုလုပ်ရပါတယ်။ ကစားရတာ ရိုးရှင်းတယ်လို့ ပြောနိုင်ပေမယ့် အဲဒီအချိန်တုန်းက Neopets Website ဟာ နာမည်တော်တော်ကြီးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ User ပေါင်း သန်း ၃၀ ကျော်တောင် ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ Neopets ဟာ ကာလတော်တော်ကြာအောင် User တွေ ကျဆင်းခဲ့ပါတယ်။ အခုတော့ Neopets ရဲ့ ပိုင်ရှင် JumpStart Games က NFTs တွေနဲ့ ဝင်ငွေရအောင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။ JumpStart က Blockchain Firm ၁ ခု ဖြစ်တဲ့ Raydium နဲ့ ပူးပေါင်းကာ ချစ်စရာကောင်းတဲ့ Neopets NFTs ပေါင်း ၂၀,၅၀၀ ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ NFTs တွေရဲ့ Background, Clothing နဲ့ Personality တွေကို မတူကွဲပြားအောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီ NFTs တွေကို ဂိမ်းလို ကစားလို့ ရမှာ မဟုတ်ဘဲ ပိုင်ဆိုင်မှု အထောက်အထားကိုပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
JumpStart က NFTs တွေ ဖန်တီးရတဲ့ အကြောင်းအရင်းဟာ သူတို့ Brand တွေနဲ့ ထုတ်ကုန်တွေအတွက် အနာဂတ်မှာ အခွင့်အလမ်း အသစ်တွေရစေဖို့ဖြစ်တယ်လို့ ရှင်းပြပါတယ်။
Neopets ဟာ သက်တမ်း ရှည်ကြာနေပြီ ဖြစ်တဲ့ Brand ၁ ခု ဖြစ်ပြီး NFTs တွေ ဖန်တီးနေတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်က Neopets Cryptoquest လို့ခေါ်တဲ့ NFTs တွေလဲလှယ်လို့ရတဲ့ Trading Card ဂိမ်း ၁ ခုကို ဖြန့်ချိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လူတွေ စိတ်ဝင်စားမှု မရှိတဲ့အတွက် သိပ်မကြာခင်မှာပဲ နိဂုံးချုပ်ခဲ့ပါတယ်။
အခုတော့ NFTs တွေဟာ အရင် ၃ နှစ်ကထက် ပိုကြီးကျယ်လာတဲ့ နယ်ပယ် ၁ ခု ဖြစ်လာပြီဖြစ်တဲ့အတွက် JumpStart က Neopets မှာ NFTs တွေကို ပြန်လည် အသက်သွင်းလာတာ ဖြစ်ပါတယ်။
Ref : theverge