ပြီးခဲ့တဲ့နှစ်မှာ အသုံးပြုသူ ၁၈၅ သန်းကျော်သွားခဲ့တဲ့ Twitter ဟာ NFTs တွေကို စမ်းသပ်ဖို့ ကြိုးစားနေပါတယ်။ Twitter က User တွေရဲ့ Collection တွေကို ပရိုဖိုင် ဓါတ်ပုံအဖြစ် ပြသနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Twitter ရဲ့ အကြီးတန်း Software အင်ဂျင်နီယာ Mada Aflak က User တွေဟာ Blockchain က သူတို့  Wallet တွေကနေ NFT Collection တွေကို ထည့်သွင်းနိုင်မယ့် လုပ်ဆောင်ချက် အသစ်ကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

Blockchain ပိုင်ဆိုင်မှုကို လူမှုကွန်ရက်တွေမှာ လွယ်ကူစွာ Verified ပြုလုပ်နိုင်ပေမယ့် လူတိုင်းက ဓါတ်ပုံကို ကော်ပီလုပ်ကာ ကိုယ်ပိုင် ပရိုဖိုင် အဖြစ် အသုံးပြုနိုင်ပါတယ်။ ဈေးအရမ်းကြီးတဲ့ NFTs တွေကို ဝယ်ယူထားသူတွေကတော့ ဒါကို ကျေနပ်မှာ မဟုတ်ပါဘူး။

ဒစ်ဂျစ်တယ် အနုပညာရှင် Mike Winkelmann (Beeple) ဟာ NFT ၁ ခုကို ဒေါ်လာ ၆၉ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီး NFTs ဈေးကွက် ၁ ခု ဖြစ်တဲ့ OpenSea ဟာ လတိုင်း ဒေါ်လာ ၄ သန်းဖိုးလောက် ရောင်းနေရပါတယ်။ Verification မရှိတဲ့ လူမှုကွန်ရက်တွေမှာ တစ်စုံတစ်ယောက်ရဲ့ NFTs တွေကို လူတိုင်းက ကြိုက်သလို သုံးလို့ရနေပါတယ်။  NFTs ပိုင်ဆိုင်မှုကို Verify လုပ်ဖို့အတွက် User တွေဟာ သူတို့ရဲ့ Wallet တွေနဲ့ ချိတ်ဆက်ရမှာပါ။

Twitter CEO Jack Dorsey ဟာ Bitcoin(BTC) ကို ထောက်ခံသူ အဖြစ် နာမည်ကြီးပြီး သူ့ရဲ့ ပထမဆုံး Tweet ကို မတ်လက ဒေါ်လာ ၂.၉ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ Twiiter သာမကဘဲ တခြား လူမှုကွန်ရက်တွေကလည်း NFTs ကို မျက်စိကျနေကြပါတယ်။

TikTok starts flirting with NFTs | TechCrunch

စက်တင်ဘာလ ၂၈ ရက်နေ့မှာ TikTok က  Lil Nas X, Bella Poarch, Curtis Roach အပါအဝင် နာမည်ကြီး Creator တွေရဲ့ NFTs Collection တွေကို ရောင်းမယ်လို့ ကြေညာခဲ့ပါတယ်။ NFTs တွေကို Ethereum Network ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

အဲဒီ Collection တွေကို TikTok Moments လို့နာမည်ပေးထားပြီး နာမည်ကြီး Creator တွေရဲ့ TikTok ဗီဒီယို ၆ ခု ပါဝင်မှာပါ။ ရောင်းချလို့ရတဲ့ ဝင်ငွေတွေကို Content Creator တွေနဲ့ NFT အနုပညာရှင်တွေ ရကြမှာပါ။ User ပေါင်း ၁ ဘီလီယမ်ကျော်ရှိတဲ့ TikTok ဟာ ကမ္ဘာမှာ အကြီးမားဆုံး လူမှုကွန်ရက် ၁ ခု ဖြစ်ပြီး အခုလို Blockchain နည်းပညာကို အသုံးပြုလာတဲ့အတွက် NFTs ဈေးကွက်ကြီး ၁ ခု အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်။

Ref : cointelegraph