Non-fungible Token (NFTs) တွေကြောင့် Crypto ၊ အနုပညာနဲ့ အားကစား နယ်ပယ်တွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ Creator တွေအတွက် ဝင်ငွေရလမ်း ပိုများလာသလို အားကစားသမားတွေအတွက် Fans တွေနဲ့ ပိုနီးကပ်စွာ ဆက်သွယ်လို့ ရလာပါတယ်။
Beeple ရဲ့ NFTs အခြေပြု အနုပညာလက်ရာကို ဒေါ်လာသန်းနဲ့ချီ ရောင်းချနိုင်ခဲ့သလို OpenSea ကနေ ပြီးခဲ့တဲ့ ၆ လအတွင်း ရောင်းချရတဲ့ ပမာဏဟာ ခန့်မှန်းလို့မရအောင်များပြားခဲ့ပါတယ်။ Dapper Labs ရဲ့ NBA TopShot NFTs တွေရဲ့ အောင်မြင်မှုဟာ ဒစ်ဂျစ်တယ် Collectibles တွေ လူကြိုက်များတာကို သက်သေပြနေပြီး အဲဒီ ပလက်ဖောင်းမှာ ဒေါ်လာ သန်း ၇၈၀ ကျော်ဖိုး ရောင်းချခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ဂီတပညာရှင်တွေ၊ နာမည်ကြီး အနုပညာရှင်တွေ၊ ထင်ပေါ်ကျော်ကြား လူသိများသူတွေနဲ့ အားကစားသမားတွေဟာ NFTs ဈေးကွက်ထဲကို ဝင်ရောက်လာကြပါတယ်။ Steph Curry နဲ့ Shaquille O’Neal တို့လို ပရော်ဖက်ရှင်နယ် အားကစားသမားတွေဟာ Bored Ape Yacht Club နဲ့ Creatures World NFT တို့လို စီမံကိန်းတွေက NFTs တွေကို တွစ်တာ ပရိုဖိုင် ဓါတ်ပုံ အဖြစ် မကြာခင်က ပြောင်းလဲခဲ့ကြပါတယ်။ Snoop Dog ကလည်း ရှားပါးတဲ့ NFTs တွေကို စုဆောင်းမယ်လို့ ကြေညာခဲ့ပါတယ်။
Celebrity တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အားကစားသမားတွေဟာ သူတို့ ကိုယ်ပိုင် NFTs ပလက်ဖောင်းတွေကို ထူထောင်နေကြပြီး အဲဒီ Trend ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ NFTs ကြောင့် Crypto အသုံးပြုနိုင်တဲ့ နည်းလမ်းတွေလည်း ပိုမိုများပြားလာပြီ ဖြစ်ပါတယ်။
Ref : cointelegraph