Open Source Blockchain လေ့လာဆန်းစစ်တဲ့ Moonstream အဖွဲ့အစည်းက Ethereum က NFTs ပိုင်ဆိုင်သူ ၁၇ ရာခိုင်နှုန်းက NFTs ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီ စစ်တမ်းကို အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၅ ရက်အတွင်း Ethereum Blockchain က NFTs Transaction ပေါင်း ၇ သန်းကျော်ကို တွက်ချက်ထားတာ ဖြစ်ပါတယ်။
စစ်တမ်းအရ Ethereum က NFTs ပိုင်ဆိုင်သူ ၁၆.၇၁ ရာခိုင်နှုန်းက NFTs ဈေးကွက်ရဲ့ ၈၀.၉၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်။ ကျန်တဲ့ ၈၃.၂၉ ရာခိုင်နှုန်းက NFTs Token အနည်းငယ်ပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Moonstream ရဲ့ ဒေတာတွေဟာ ERC 721 Tokens တွေကို အဓိကထား ပြုစုထားတာ ဖြစ်ပြီး Polygon လို တခြား ကွန်ရက်တွေက ဒေတာတွေ မပါလာပါဘူး။ ဒါ့အပြင် Application Programming Interfaces (APIs) က ဒေတာ အရင်းအမြစ်တွေလည်း မပါဝင်ပါဘူး။
စစ်တမ်းက “ Addresses ပေါင်း ၇၂၇,၁၀၂ ကနေ လွှဲပြောင်းထားတဲ့ Token ပေါင်း ၇,၀၂၀,၉၅၀ ရဲ့ ၁,၁၄,၇၆၇ Blocks တွေကို လေ့လာတွက်ချက်ထားတာ ဖြစ်ပါတယ်။ “ လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Ref : cointelegraph