Drive for Desktop Software ဟာဆိုရင် လက်ရှိအချိန်မှာ Google Drive ကို အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် အသုံးဝင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ အဆိုပါ Software ဟာ Google Drive Website ပေါ်မှာ Upload ပြုလုပ်နေမယ့်အစား သီးသန့် Storage Partition တစ်ခုအနေနဲ့ဖြစ်သွားတာကြောင့် ကိုယ့် Google Drive ထဲက File တွေကို Web Browser မလိုအပ်ဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Apple MacBook တွေအတွက် အရေးပါတဲ့ Update Version တစ်ခုကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကတော့ Apple ရဲ့ ကိုယ်ပိုင် M1 Chip လိုမျိုး Processor အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေအတွက် သီးသန့် Google Drive for Desktop Version ကိုထုတ်ပေးလိုက်တာပါ။

Google ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက M1 Chip အတွက် Support ပေးထားတဲ့ Google Drive File Stream Software ကို Beta Version အနေနဲ့ ထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း မေလဝန်းကျင်မှာ ထပ်မံ Update ပြုလုပ်ခဲ့ပေမယ့်လည်း Beta Version အနေနဲ့ပဲ သတ်မှတ်ထားတုန်းဖြစ်ပါတယ်။

အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ Version 52.0 မှာတော့ Apple M1 Chip အပြင် ကိုယ်ပိုင် Apple Processor တွေကို အပြည့်အဝ Support ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့လည်း Camera Backup ကို ပိုပြီး Support ပြုလုပ်လာတာ၊ Google Cloud Storage ကို Software ထဲကနေပဲ ဝယ်ယူနိုင်တာ၊ Offline Sync Performance ကို အဆင့်မြှင့်တင်ထားတာတွေအပြင် တခြား Feature အများအပြားကိုပါ အသစ်ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref – 9to5Google