NFTs တွေဟာ ဒီနှစ်ထဲမှာ အရမ်းကို လှုပ်လှုပ်ခတ်ခတ်နဲ့ ရေပန်းစားလာပါတယ်။ NFTs တွေဟာ Blockchain Ledgers မှာ သိမ်းထားတဲ့ ဒေတာ အပိုင်းအစလေးတွေ ဖြစ်ပါတယ်။ ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ NFTs ရောင်းအားဟာ ဒေါ်လာ ၁၀.၇ ဘီလီယမ် ရှိခဲ့တယ်လို့ Blockchain လေ့လာဆန်းစစ်တဲ့ အဖွဲ့အစည်း DappRadar က ပြောပါတယ်။
Crypto စိတ်ဝင်စားပြီး Super Bowl ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ Tom Brady ဟာ NFTs ကို စိတ်ဝင်စားတဲ့ Celebrity တွေထဲက ၁ ယောက် ဖြစ်ပါတယ်။ ဧပြီလမှာ သူဟာ Autograph အမည်ရ NFTs ဈေးကွက် ၁ ခုကို တည်ထောင်လိုက်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ Tiger Woods, Wayne Gretzky, Derek Jeter, Simone Biles နဲ့ Tony Hawk တို့လို အားကစားသမားတွေနဲ့ လျှင်မြန်စွာ သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက Autograph ဟာ NFTs ပေါင်း ၁၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဈေးနှုန်းတွေက ၁၂ ဒေါ်လာကနေ ၁,၅၀၀ ဒေါ်လာအထိ အစားစား ရှိပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို Autograph ရဲ့ ဒုတိယ ဈေးကွက်မှာ ဒေါ်လာ ထောင်နဲ့ချီ၊ သန်းနဲ့ချီပြီး ပြန်လည် ရောင်းချနိုင်ခဲ့ပါတယ်။
Autograph ကို ပူးတွဲ တည်ထောင်သူနဲ့ စီအီးအို Dillon Rosenblatt က NFTs တွေကို လူတွေ ဈေးကြီးပေးဝယ်ရတဲ့အကြောင်းအရင်းကို အခုလို ရှင်းပြပါတယ်။ သူက “ စုဆောင်းတာဟာ လူတွေရဲ့ သဘာဝ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက လူတွေဟာ တံဆိပ်ခေါင်း၊ အကြွေစေ့နဲ့ ဘေ့စ်ဘော ကဒ်တွေကို စုဆောင်းခဲ့ကြပါတယ်။ NFTs တွေဟာ အခုလို စုဆောင်းရတဲ့ ပစ္စည်းတွေထဲမှာ အရှေ့ဆုံးကို ရောက်လာပါပြီ။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ NFTs တွေဟာ ပုံတူပွားလို့ မရဘဲ ပိုင်ဆိုင်သူကို Blockchain Ledgers မှာ သက်သေခံပေးထားလို့ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။
Ref : cnbc