Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Major iOS Update ဖြစ်တဲ့ iOS 15 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် iOS 15 ရဲ့ အဓိက Feature တွေဖြစ်တဲ့ SharePlay လိုမျိုး Feature တွေကိုတော့ ပြီးခဲ့တဲ့လကမှ iOS 15.1 လိုမျိုး Update မှာထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

အခုလည်း Apple ဟာ အသုံးပြုသူတွေအများအပြား Report ပြုလုပ်ထားတဲ့ Issue တစ်ခုကို ပြင်ဆင်ထားတဲ့ iOS 15.1.1 Update ကို ထုတ်ပေးလိုက်ပါပြီ။ ဒါကတော့ အထူးသဖြင့် iPhone 12 Series နဲ့ iPhone 13 Series အသုံးပြုသူတွေမှာ အဖြစ်များနေတဲ့ ဖုန်းပြောနေတုန်း ဖုန်းကျသွားတဲ့ ပြဿနာဖြစ်ပါတယ်။

Apple ကနေ ထုတ်ပြန်တဲ့ iOS 15.1.1 Change Log အရတော့ အဆိုပါ ဖုန်းကျသွားတဲ့ ပြဿနာကိုပဲ အဓိက ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ iOS 15.1.1 Update ဟာ File Size အနေနဲ့ကတော့ 385MB ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။

ယခုလအတွင်းမှာလည်း Apple ကနေ နောက်ထပ် Feature အသစ်တွေအများအပြားပါဝင်တဲ့ iOS 15.2 Update ကို ထုတ်ပေးသွားမှာဖြစ်ပြီး အဆိုပါ Update မှာဆိုရင် App Privacy Report Feature ၊ Updated Emergency SOS ၊ Notification Summary Improvement တွေအပြင် Child Safety Feature တွေ ထည့်သွင်းလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ iPhone 12 Series ၊ 13 Series တွေအသုံးပြုနေပြီး ဖုန်းပြောနေတုန်း ကျသွားတဲ့ ပြဿနာကြုံနေရတယ်ဆိုရင် အခု iOS 15.1.1 Update ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Ref – GSM Arena