၂၀၂၂ ခုနှစ်မှာ Samsung ထုတ်လုပ်ရောင်းချမယ့် တက်ဘလက်၊ လက်ပ်တော့ ၊ ကြိုးမဲ့ နားကြပ်နဲ့ စမတ်နာရီ စာရင်းနဲ့ ထုတ်လုပ်မယ့် အရေအတွက် စာရင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် Samsung က လာမယ့်နှစ်မှာ ရောင်းချမယ့် နာမည်ကြီး ထုတ်ကုန်တချို့ရဲ့ မျိုးဆက်သစ်တွေကို အတည်ပြုလိုက်ပါတယ်။

Samsung Galaxy Logo Featured

The Elec က Samsung Electronics ရဲ့ Wireless ဌာနဟာ ၂၀၂၂ ခုနှစ်အတွက် စီးပွားရေး အစီအစဉ်တွေကို မကြာခင်က မျှဝေခဲ့တယ်လို့ ပြောပါတယ်။ Samsung ဟာ တက်ဘလက် ၊ လက်ပ်တော့နဲ့ Wearables တွေကို ၂၀၂၂ ခုနှစ်မှာ ၆ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်းနဲ့ ၃၅ ရာခိုင်နှုန်း အသီးသီး တိုးမြှင့် ရောင်းချဖို့ စီစဉ်ထားပါတယ်။

Marketing mix of Samsung - Samsung marketing mix & 4p's of Samsung

အရေအတွက်ကို ပြောရရင် Samsung ဟာ Galaxy Tabs ၃၄ သန်း၊ Galaxy Books ၇.၄ သန်း၊ Galaxy Watches ၁၉ သန်းနဲ့ Galaxy Buds ၂၃ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ့် ထုတ်ကုန်တွေနဲ့ အရေအတွက်ကို Samsung က အောက်ပါအတိုင်း မျှဝေထားပါတယ်။

Samsung Tablet, Laptop, Wearable Production Units 2022

Tablets – 33.6 million units

  • Galaxy Tab S8 Ultra
    • Q1~Q2 – 0.4 million units
  • Galaxy Tab S8+
    • Q1~Q2 – 0.9 million units
  • Galaxy Tab S8
    • Q1~Q2 – 1.2 million units
  • Galaxy Tab S8 Lite
    • Q3~Q4 – 1.6 million units
  • Galaxy Tab A8
    • Q1~Q4 – 11 million units
  • Galaxy Tab A7 Lite
    • Q1~Q4 – 11 million units

Laptops – 7.4 million units

  • Galaxy Book2 Pro 360
    • Q2~Q4 – 0.3 million units
  • Galaxy Book2 Pro / Pro 5G
    • Q2~Q4 – 0.3 million units
  • Galaxy Chromebook Go
    • Q2~Q4 – 1.4 million units

Smartwatches – 19 million units

  • Galaxy Watch5
    • Q3~Q4 – 4.8 million units

Wireless Earphones – 23 million units

  • Galaxy Buds Pro2
    • Q2~Q4 – 3.1 million units
  • Galaxy Buds Live2
    • Q3~Q4 – 3.3 million units

အထက်ပါ စာရင်းကို ကြည့်ရင် Samsung ဟာ Galaxy Buds Pro , Galaxy Buds Live , Galaxy Watch4 နဲ့ Galaxy Book Pro Series တွေလို နာမည်ကြီး Device တွေရဲ့ မျိုးဆက်သစ်တွေကို နောက်နှစ်မှာ ကြေညာမှာပါ။

Ref : gizmochina