ဘီယာ ကုမ္ပဏီတွေဟာ အနာဂတ်မှာ အရမ်းကို ရေပန်းစားလာမယ့် NFTs နယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။ အခုနောက်ဆုံး ဝင်ရောက်လာတာက နာမည်ကြီး ဘီယာ Brand ၁ ခု ဖြစ်တဲ့ Budweiser ဖြစ်ပါတယ်။ Budweiser ရဲ့ NFTs တွေဟာ ဘီယာ ဘူးခွံတွေကို အနုပညာဆန်ဆန် ဖန်တီးထားတာ ဖြစ်ပါတယ်။

Budweiser's first NFTs sell out in under an hour | Ad Age

Budweiser က အဲဒီ NFTs တွေကို Heritage Collection လို့ နာမည်ပေးထားပြီး ၁ နာရီအတွင်းမှာပဲ ရောင်းထွက်သွားတာက Budweiser Brand ကို ချစ်ခင်နှစ်သက်သူတွေ ဘယ်လောက်များသလဲ ဆိုတာ ပေါ်လွင်စေပါတယ်။ ဒေါ်လာ ၉၈၄,၀၀၀ ဖိုး ရောင်းချနိုင်ခဲ့ရတယ်လို့ Budweiser က ကြေညာပါတယ်။

Budweiser Launching Ethereum NFTs as 'Key to the Budverse' - Decrypt

Budweiser ရဲ့ In-house Creative Agency ဖြစ်တဲ့ Digital & Destline က ဒုတိယ ဥက္ကဌ ဖြစ်သူ Spencer Gordon က “ Budweiser ရဲ့ Heritage Collection ကို ကုမ္ပဏီရဲ့ အထင်ကရ သမိုင်းကြောင်းကို ဂုဏ်ယူချင်တဲ့အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Budweiser ဟာ Metaverse နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။ အခု NFTs တွေဟာ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုကို ပြသနေတာ ဖြစ်သလို ဖောက်သည်တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုကောင်းလာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဖောက်သည်တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုကောင်းလာစေဖို့ ကုမ္ပဏီတွေက NFTs တွေကို ဖန်တီးလာကြပြီး NFTs တွေကနေ ဝင်ငွေများစွာ ရလာကြပါတယ်။

Ref : artistics