iPhone 13 Series ဝယ်လိုအား ကျဆင်းနေတဲ့အတွက် များများစားစား ထုတ်လုပ်မှာ မဟုတ်ဘူးလို့ Apple က ဖုန်း အစိတ်အပိုင်းထုတ်လုပ်သူတွေကို ရည်ညွှန်းပြောဆိုထားပါတယ်။ ဒီသတင်းကို Bloomberg က ရေးသားဖော်ပြထားတာ ဖြစ်ပြီး Apple ဟာ ဒီနှစ်မှာသာမက နောက်နှစ်ထဲမှာပါ iPhone ရောင်းအား ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Most iPhone users not impressed by the iPhone 13 series, defectors eyeing  Google Pixel - PhoneArena

Apple ဟာ ဒီနှစ်ထဲမှာ iPhone အလုံးရေ သန်း ၉၀ ရောင်းချနိုင်ဖို့ အစောပိုင်းက ရည်မှန်းထားပေမယ့် အခုတော့ သန်း ၈၀ လောက်ပဲ ထုတ်လုပ်ရောင်းချတော့မှာပါ။ နောက်နှစ်မှာလည်း ထုတ်လုပ်ရောင်းချမှုကို လျှော့ချမှာပါ။ Apple ဟာ ဖုန်း အစိတ်အပိုင်း ထုတ်လုပ်တဲ့ ပါတနာတွေကို ဝယ်လိုအား ကျဆင်းနေတဲ့အကြောင်း သတိပေးပြောဆိုနေတာ ဖြစ်ပါတယ်။

Comparing iPhone 13 models: All the differences between iPhone 13, Mini,  Pro and Pro Max - CNET

တခြား နည်းပညာ ကုမ္ပဏီတွေလိုပဲ Apple ဟာ ကမ္ဘာအဝန်း Semiconductor မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ CEO Tim Cook က Semiconductor မလုံလောက်မှုနဲ့ Covid-19 ကြောင့် အရှေ့တောင်အာရှမှာ ထုတ်လုပ်မှု နည်းပါးတဲ့အတွက် ကုမ္ပဏီဟာ ဒေါ်လာ ၆ ဘီလီယမ်လောက် ဆုံးရှုံးနစ်နာမယ်လို့ မကြာခင်က ခန့်မှန်းထားပါတယ်။ Apple ဟာ ဒီဇင်ဘာလ အားလပ်ရက် ရာသီမှာလည်း ရောင်းအားကျဆင်းဖို့ မျှော်မှန်းထားပါတယ်။

Bloomberg က Apple ဟာ ဖုန်း အစိတ်အပိုင်း လုံလောက်ရင်တောင် iPhone 13 Series ရောင်းအားဟာ ကုမ္ပဏီ မျှော်မှန်းထားတာထက် နည်းပါးနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Ref : theverge