Tesla က ကလေးတွေအတွက် ဒေါ်လာ ၁,၉၀၀ တန် လေးဘီးတပ် လျှပ်စစ်ကားကို ကြေညာလိုက်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃၄ သိန်းလောက် ကျသင့်မှာ ဖြစ်ပြီး Tesla ရဲ့ Website ကနေ မှာယူနိုင်ပြီ ဖြစ်ကာ လာမယ့် ၂ ပတ်ကနေ ၄ ပတ်အတွင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Tesla ဟာ အရွယ်ကြီး Cyberquad ATV ကို ထုတ်လုပ်ရောင်းချမယ်လို့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်က ကြေညာခဲ့ပြီးနောက်မှာ အခုတော့ ကလေးတွေအတွက် အရင်ဆုံး ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။

Tesla launches 'Cyberquad for Kids,' shipping begins in 2-4 weeks - Electrek

ကလေးတွေအတွက် လျှပ်စစ်ကားကို Cyberquad for Kids လို့ နာမည်ပေးထားပြီး အသက် ၈ နှစ်နဲ့ အထက် ကလေးတွေ စီးနိုင်ပါတယ်။ စတီး ဖရိမ်နဲ့ တည်ဆောက်ထားပြီး သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံ တပ်ဆင်ထားပါတယ်။ Suspension ကို ထိန်းညှိနိုင်ပြီး ဘရိတ်ကို အနောက်ဘီးမှာ တပ်ဆင်ထားပါတယ်။ ကားမှာ LED Light Bar တွေနဲ့ အလှဆင်ထားတာက ခေတ်ရှေ့ပြေး ဒီဇိုင်းလို့ ပြောနိုင်ပါတယ်။ အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၁၀ မိုင် မောင်းနှင်နိုင်ပြီး ၁ ခါအားအပြည့်သွင်းထားရင် ၁၅ မိုင် မောင်းနှင်နိုင်ပါတယ်။

Speed Settings ၃ ခု ထည့်သွင်းထားပြီး အရှေ့ကို မောင်းရင် ၁ နာရီ ၅ မိုင်နဲ့ ၁၀ မိုင် ဖြစ်ပြီး အနောက်ကို မောင်းရင် ၁ နာရီ ၅ မိုင် ဖြစ်ပါတယ်။ Tesla က ကားကို အားအပြည့်သွင်းရင် ၅ နာရီ ကြာမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းက စီးနင်းသူရဲ့ ကိုယ်ခန္တာ အလေးချိန်၊ လမ်းညီညာမှုနဲ့ Speed Setting အပေါ် မူတည်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ Cyberquad for Kids ကို အမေရိကန်မှာပဲ ရောင်းပေးထားပြီး ခရစ်စမတ် အားလပ်ရက် မတိုင်ခင် ပို့ဆောင်ပေးနိုင်မလားဆိုတာကိုတော့ ကုမ္ပဏီက အာမမခံထားပါဘူး။

Ref : theverge