အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ စာလုံးပေါင်း မှားယွင်းမှုကြောင့် ငွေကြေး သိန်းပေါင်းများစွာ ဆုံးရှုံးသွားနိုင်ပါတယ်။ အခု ဖြစ်ရပ်ကို သက်သေပြသွားတဲ့ ကံဆိုးသူ ၁ ယောက်ရဲ့ သတင်း တက်လာပါတယ်။ သူဟာ ဒေါ်လာ ၃၀၀,၀၀၀ တန် Bored Ape NFTs ကို ဒေါ်လာ ၃,၀၀၀ နဲ့ မှားယွင်းရောင်းချမိခဲ့ပါတယ်။

The Bored Ape Yacht Club NFT collection: What you need to know - CNET

ပိုင်ရှင် Max (or Maxnaut) ဟာ သူ့ NFTs ကို စနေနေ့က ရောင်းချဖို့ တင်ခဲ့ပါတယ်။ သူဟာ အဲဒီ NFTs ကို ဒေါ်လာ ၃၀၀,၀၀၀ လောက် တန်ကြေးရှိတဲ့ 75 Ether နဲ့ ရောင်းချဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမယ့် မှားယွင်းကာ ဒေါ်လာ ၃,၀၀၀ လောက်ပဲ တန်ကြေးရှိတဲ့ 0.75 Ether နဲ့ စာရင်းတင်မိခဲ့ပါတယ်။ သူ့အမှားကို မပြင်နိုင်ခင်မှာပဲ အဲဒီ NFTs ကို ဝယ်ယူသွားခဲ့ပါတယ်။ ပုံမှန်ဈေးထက် နည်းနေတဲ့ NFTs တွေကို ရှာဖွေဝယ်ယူဖို့ Program ရေးထားတဲ့ Bot က လက်သွက်သွက်နဲ့ ဝယ်ယူသွားခဲ့တာပါ။

Why Bored Ape Avatars Are Taking Over Twitter | The New Yorker

Max က “ အာရုံစိုက်မှု မရှိလို့ ဒီလို ဖြစ်သွားတာပါ။ ကျွန်တော် နေ့တိုင်း NFTs တွေကို ရောင်းချနေတာ ဖြစ်ပေမယ့် အာရုံသိပ်မစိုက်မိခဲ့ပါဘူး။ အခုအမှားကို ကျွန်တော်တွေ့ပြီး ပြင်ဖို့လုပ်နေချိန်မှာပဲ Bot က 8 Ether လွှဲကာ ဝယ်သွားခဲ့တာပါ။ Cancel နှိပ်ချိန်တောင်မရလိုက်ဘဲ ဒေါ်လာ ၂၅၀,၀၀၀ လောက် ဆုံးရှုံးသွားပါတယ်။ “ လို့ Cnet ကို ပြောပါတယ်။

အွန်လိုင်း ငွေပေးချေမှု စနစ်တွေဟာ စက္ကန့်ပိုင်းအတွင်းမှာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် အရောင်းအဝယ်ပြုလုပ်ရာမှာ ဖြစ်ဖြစ်၊ ငွေပေး၊ ငွေယူ ပြုလုပ်ရာမှာ ဖြစ်ဖြစ် အထူး ဂရုစိုက်ဖို့ ဒီဖြစ်ရပ်က သက်သေပြသွားပါတယ်။

Ref : theverge