တောင်ကိုရီးယားရဲ့ နာမည်ကျော် BTS တေးဂီတအဖွဲ့က NFT or Non-fungible Token တွေကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၇ ယောက်ပါတဲ့ K-pop တေးဂီတအဖွဲ့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီ Hybe က အဲဒီ အစီအစဉ်ကို ကြာသာပတေးနေ့က The Wall Street Journal ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

South Korean boy band BTS poses in the press room with their awards during the 2019 Billboard Music Awards at the MGM Grand Garden Arena on May 1, 2019, in Las Vegas, Nevada. (Photo by Bridget BENNETT / AFP)

“ NFT တွေဟာ အလားအလာ ကောင်းပြီး BTS ရဲ့ Fans  တွေနဲ့ ပိုမို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ “ လို့ HybeAmerica ရဲ့ စီမံကိန်း အကြီးအကဲ ဖြစ်သူ John Kim က The Wall Street Journal ကို ပြောပါတယ်။ သူက BTS ရဲ့ NFT ဓါတ်ပုံ ကဒ်တွေ ဖြန့်ချိမယ့် အချိန်ဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ဖြစ်မယ်လို့လည်း အသိပေးလိုက်ပါတယ်။

BTS - Wikipedia

BTS ဟာ ကမ္ဘာမှာ အအောင်မြင်ဆုံး တေးဂီတ အဖွဲ့ ၁ ခု ဖြစ်ပြီး Fans တွေအတွက် Physical ဓါတ်ပုံ ကဒ်တွေကိုလည်း ဖြန့်ချိပေးနေပါတယ်။ အခုတော့ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၄ ဘီလီယမ် ရောင်းချနိုင်ခဲ့တဲ့ NFT ဈေးကွက်ထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

BTS ဟာ NFT ဈေးကွက်ထဲ ဝင်ရောက်လာမယ့်အစီအစဉ်ကို နိုဝင်ဘာလက ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားရဲ့ Crypto အရောင်းအဝယ်လုပ်တဲ့ နာမည်ကြီး Dunamu နဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။

BTS ရဲ့ အနုပညာလက်ရာတွေ၊ Sports ကဒ်တွေနဲ့ တခြား Collectible တွေဟာ ဒီနှစ်ထဲမှာ အရမ်း အောင်မြင်ခဲ့တဲ့အတွက် NFT တွေထွက်လာရင်လည်း လူကြိုက်များမယ်လို့ ထင်ရပါတယ်။

Ref : markets.businessinsider