Apple Device တွေကို အသုံးပြုနေပြီဆိုတာနဲ့ Apple ID နဲ့ iCloud က မဖြစ်မနေအသုံးပြုရတဲ့ Service တွေဖြစ်ပါတယ်။ ဒီလိုမျိုး iCloud နဲ့အတူ ကိုယ့်ရဲ့ ဝင်ရောက်နေကျ Password တွေကို သိမ်းဆည်းထားဖို့အတွက် Apple Keychain ကလည်း တွဲပြီးအသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒါကြောင့် Apple Keychain ထဲမှာ Password တွေ သိမ်းဆည်းထားပြီးမှ အကြောင်းကြောင်းကြောင့် Google Account ထဲမှာ ပြောင်းလဲသိမ်းထားချင်တယ်ဆိုရင် ဘယ်လိုမျိုး ပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံး ဒီလိုမျိုးပြုလုပ်ဖို့အတွက် Mac ကွန်ပျူတာကို အသုံးပြုနေဖို့လိုအပ်မှာဖြစ်ပြီး ကိုယ့်ရဲ့ Apple ID ကို ဝင်ရောက်ထားရမှာဖြစ်ပါတယ်။
ပြီးရင်တော့ System Preferences ကို ဖွင့်ပြီး iCloud ထဲကို Sign-in ဝင်ပါ။ ပြီးရင်တော့ Passwords ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ Mac Password ကို ရိုက်ပြီး Three-dot Menu ကို ရှာပြီး နှိပ်ရမှာပါ။ ပြီးရင်တော့ Export Passwords ကို ရှာပြီးနှိပ်ရမှာဖြစ်ပါတယ်။ ကိုယ်သိမ်းထားချင်တဲ့နေရာနဲ့ File နာမည်ကို သတ်မှတ်ပြီး CSV File အနေနဲ့ Export ပြုလုပ်ရမှာပါ။
ဒီအဆင့်ပြီးပြီဆိုရင် Google Account ထဲကို Password Import ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီအတွက်ကတော့ Web Browser မှာ “passwords.google.com” ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ Google Account ကို Sign-in ဝင်ရောက်ပြီး Password Manager ရဲ့ ညာဘက်မှာရှိတဲ့ Setting ပုံလေးကို နှိပ်ရမှာပါ။ နောက်တစ်ဆင့်ကတော့ Import Passwords ကိုနှိပ်ပြီး Import ကနေ အခုနက သိမ်းထားတဲ့ CSV File ကို ရွေးချယ်လိုက်ရုံပါပဲ။
အခုလိုမျိုး ပြုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ Apple Account Keychain မှာ သိမ်းဆည်းထားတဲ့ Password တွေကို Google Account ဆီကို ရွေ့ပြောင်းလိုက်ပြီဖြစ်ပါတယ်။
Ref – 9to5Google