NFT တွေဟာ အထူးသဖြင့် ၂၀၂၁ ခုနှစ်အတွင်းမှာ ဝက်ဝက်ကွဲအောင်မြင်မှုတွေကို ရရှိနေခဲ့တာဖြစ်ပါတယ်။ လူတိုင်းက NFT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလာကြသလိုပဲ ရုပ်ရှင်၊ ဂိမ်းကုမ္ပဏီတွေအပြင် တခြားသော စီးပွားရေးလုပ်ငန်းတွေမှာပါ NFT က စတင်စမ်းသပ်နေကြပြီဖြစ်ပါတယ်။

အခု Article မှာတော့ ၂၀၂၁ ခုနှစ်ထဲမှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ NFT တွေအများကြီးထဲကမှ တန်ဖိုးအကြီးဆုံး ဝယ်ယူမှု (၅) ခုအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1. Beeple – EVERYDAYS: THE FIRST 5000 DAYS – $69.3M

အခုလက်ရှိ NFT Artist တွေထဲမှာ နာမည်အကြီးဆုံးဖြစ်လာတဲ့ Beeple ရဲ့ EVERYDAYS: THE FIRST 5000 DAYS အမည်ရှိတဲ့ NFT ဟာ Christie’s လေလံပွဲမှာ ဒေါ်လာ ၆၉.၃ သန်းအထိရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ NFT ဟာ ၂၀၀၇ ခုနှစ်ကနေ ဇန်နဝါရီလ ၂၀၂၁ ခုနှစ်အထိ တစ်နေ့ကို Digital Picture ၁ ပုံ၊ စုစုပေါင်း ရက်ပေါင်း ၅၀၀၀ ဆွဲထားတဲ့ ပုံပေါင်း ၅၀၀၀ ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

2. Beeple – Human One – $28.9m

နောက်ထပ် တန်ဖိုးအကြီးဆုံး NFT ဝယ်ယူမှုကလည်း Beeple ရဲ့ Human One အမည်ရတဲ့ NFT ဖြစ်ပါတယ်။ အဆိုပါ NFT ဟာ Beeple အတွက် ပထမဆုံးအနေနဲ့ လက်တွေ့ Physical NFT အနေနဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ Human One ဟာ တစ်နေ့တာအချိန်ပေါ်မှုတည်ပြီး ပြောင်းလဲသွားတဲ့ Dynamic Artwork နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

3. CryptoPunk 4156 – 2,500 ETH ($10.2m)

တတိယတန်ဖိုးအကြီးဆုံးကတော့ နာမည်ကြီး NFT Collection ဖြစ်တဲ့ CryptoPunks ထဲမှာပါဝင်တဲ့ Punk 4156 ပဲဖြစ်ပါတယ်။ အဆိုပါ NFT ဟာ 2,500 ETH နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာဖြစ်ပြီး ကာလတန်ဖိုးအနေနဲ့ ဒေါ်လာ ၁၀.၂ သန်းအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

4. CryptoPunk #3100 – 4,200 ETH ($7.67m)

နောက်ထပ် ရောင်းချရမှုတွေကလည်း CryptoPunks Collection ထဲမှာရှိတဲ့ Punk #3100 ပဲဖြစ်ပါတယ်။ အဆိုပါ NFT ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ဝယ်ယူခဲ့တာဖြစ်ပြီး 4,200 ETH နဲ့ ဝယ်ယူခဲ့တာဖြစ်ပေမယ့် ကာလတန်ဖိုး ဒေါ်လာ ၇.၆၇ သန်းခန့် တန်ကြေးရှိနေခဲ့တာဖြစ်ပါတယ်။

5. CryptoPunk #7804 – 4,200 ETH ($7.57m)

အခုနကလိုမျိုးပဲ မတ်လအတွင်းမှာ ရောင်းချခဲ့ရတဲ့ CryptoPunk #7804 ဟာလည်း 4,200 ETH နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရောင်းချတဲ့အချိန်တုန်းက တန်ကြေးအနေနဲ့ ဒေါ်လာ ၇.၅၇ သန်းပဲရှိတာကြောင့် အခုလိုမျိုး နံပါတ် (၅) နေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Ref – Coin Rivet