Motorola ဟာ Moto G31, Moto G51 5G နဲ့ Moto G71 5G တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထုတ်ပြခဲ့ပါတယ်။ ပထမနှစ်မျိုးက အိန္ဒိယဈေးကွက်မှာ INR12,999 ($175/€155) (၃ သိန်း ၁ သောင်းဝန်းကျင်), INR14,999 ($200/€175) (၃ သိန်း ၅ သောင်းခွဲဝန်းကျင်)စတဲ့ဈေးနှုန်းအသီးသီးနဲ့ ရောင်းချနေပါပြီ။
Motorola ဟာ ကျန်ရှိနေသေးတဲ့ Moto G71 5G ကို လာမဲ့သီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေမှာ အာရှဈေးကွက်အတွက် ပွဲထုတ်မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပါပြီ။ လက်ရှိအချိန်မှာတော့ Moto G71 5G ရဲ့ ဈေးနှုန်းကိုမသိရသေးပါဘူး။ ဒါပေမဲ့ Flipkart ကတစ်ဆင့် ရောင်းချမှာဖြစ်ပြီး ရွေးချယ်စရာ Green နဲ့ Blue အရောင်နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
Moto G71 5G အကြောင်းက တရားဝင်ထွက်ပေါ်နှင့်ပြီးသားဖြစ်တာကြောင့် ဟန်းဆက်ရဲ့ Spec တွေအကြောင်းကို သိပြီးသား ဖြစ်ပါလိမ့်မယ်။ Moto G71 5G အနေနဲ့ အိန္ဒိယဈေးကွက်အတွက် Snapdragon 695 SoC ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာမယ်လို့ GSM Arena က ဖော်ပြထားပါတယ်။
Moto G71 5G ဟာ 6.4-inch FullHD+ AMOLED မျက်နှာပြင်၊ Punch hole နဲ့အတူ 16MP selfie တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာ၊ 8MP ultrawide နဲ့ 2MP macro ယူနစ်စတဲ့ ကင်မရာသုံးလုံးကို တပ်ဆင်ထားပြီး Fingerprint scanner တစ်ခုလည်း ပါရှိပါတယ်။
ဒီ Sanpdragon 695 သုံး စမတ်ဖုန်းဟာ Android 11 မောင်းနှင်ထားပြီး 8GB of RAM နဲ့ 128GB storage ထောက်ပံ့ထားပါတယ်။ ရေစိုခံဒီဇိုင်းဖြစ်ပြီး 3.5mm နားကြပ်ပေါက်ပါဝင်သလို USB-C ကတစ်ဆင့် 30W အမြန်နှုန်းနဲ့ အားသွင်းနိုင်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပါတယ်။
Ref: GSM Arena