Australian Open (AO) ဟာ NFT နဲ့ Metaverse နယ်ပယ်ထဲကို ဝင်ရောက်လာပြီး နိုင်ငံတကာ တင်းနစ် ပြိုင်ပွဲတွေထဲမှာ ပထမဆုံး ဖြစ်လာပါတယ်။ AO ဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အရင်ကလည်း အသုံးပြုခဲ့ဖူးပြီး ၂၀၂၀ ခုနှစ်မှာ ဆုကြေးငွေ ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်တဲ့ Fortnite Summer Smash အမည်ရ Esports ပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
သက္ကရာဇ် ၂၀၂၂ မှာတော့ AO ဟာ NFT တွေကို Fortnite အသစ်လို့ ယူဆထားပြီး ကမ္ဘာ့ ပထမဆုံး NFT Metaverse စီမံကိန်းကို ဖန်တီးလိုက်ပါတယ်။ Art Ball NFT ၆,၇၇၆ ကို ဒီလ ၁၃ ရက်နေ့ ဖြန့်ချိမှာ ဖြစ်ပြီး ထူးခြားတာက အဲဒီ NFT တွေဟာ တကယ့် ပြိုင်ပွဲတွေနဲ့ ချိတ်ဆက်ထားတာပါ။
AO က NFT တွေသာ မကဘဲ AO Decentraland လို့ခေါ်တဲ့ Metaverse World ၁ ခုကိုလည်းဖန်တီးထားပါတယ်။ 3D Virtual Reality Platform ၁ ခု ဖြစ်ပြီး တင်းနစ် Fans တွေဟာ AO ကို စူးစမ်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။
Virtual AO မှာ တင်းနစ် Fans တွေဟာ နာမည်ကြီး ကစားသမားတွေ၊ တခြား တင်းနစ် Fans တွေနဲ့ စကားပြောဆက်သွယ်နိုင်မှာ ဖြစ်ပြီး AO Content တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိန်ခေါ်တဲ့ ကစားပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Tennis Australia ရဲ့ စီမံကိန်း မန်နေဂျာ Ridley Plummer က “ AO ကို ကမ္ဘာ့ အအောင်မြင်ဆုံး အားကစားပြိုင်ပွဲနဲ့ ဖျော်ဖြေရေး ပွဲ ဖြစ်စေချင်ပါတယ်။ Fans တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်ဖို့ NFT နဲ့ Metaverse တွေကို ဖန်တီးရတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : gizmodo