ရုပ်ရှင် ဒါရိုက်တာ Quentin Tarantino ဟာ ၁၉၉၄ ခုနှစ်ကထွက်တဲ့ သူ့ရဲ့ ရုပ်ရှင် “Pulp Fiction” ကို အခြေခံထားတဲ့ NFT ကို ရောင်းချမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ရုပ်ရှင် စတူဒီယို Miramax က အဲဒီလို ဒစ်ဂျစ်တယ် Item တွေကို သူ ရောင်းချခွင့်မရှိဘူးလို့ ဝေဖန်လိုက်ပြီး သူ့ကို တရားစွဲခဲ့ပါတယ်။

Quentin Tarantino is the director behind “Pulp Fiction” and many other critically acclaimed films. Image: Shutterstock

အခုတော့ Tarantino ဟာ တရားစွဲခံရပေမယ့်လည်း အဲဒီ NFT တွေကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ သူဟာ Blockchain ပလက်ဖောင်း Secret Network ကို ဖန်တီးထားတဲ့ SCRT Labs နဲ့ ပူးပေါင်းကာ အခုလို ရောင်းချမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ သူ့ကို တရားစွဲအပြီး ၁ လခွဲ အကြာမှာ အခုသတင်းထွက်လာတာပါ။

Quentin Tarantino Revealed as Iconic Artist Behind First-Ever Secret NFTs -  Bringing Privacy to Smart Contracts and Public Blockchains

NFT ၇ ခု ပါတဲ့ Collectible တွေကို ရက်အလိုက် လေလံတင်  ရောင်းချမှာ ဖြစ်ပြီး ပထမဆုံး ရောင်းချမယ့် နေ့က ဇန်နဝါရီလ ၁၇ ရက်နေ့ ဖြစ်ပါတယ်။ နောက်ဆုံး လေလံတင်ပွဲကို ဒီလ ၃၁ ရက်နေ့ ပြုလုပ်မှာပါ။ NFT တွေမှာ “Pulp Fiction” ရုပ်ရှင်အတွက် Tarantino ရဲ့ ဇာတ်ညွှန်း လက်ရေးစာသား ဓါတ်ပုံတွေနဲ့အတူ သူကိုယ်တိုင် ပြောကြားထားတဲ့ အသံဖိုင်တွေ ပါဝင်ပါတယ်။ Ethereum, Solana နဲ့ တခြား နာမည်ကြီး Blockchain Network တွေမှာ ရောင်းချတာ မဟုတ်ဘဲ Secret Network ရဲ့ Secret NFT လုပ်ဆောင်ချက်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်က ဝယ်ယူသူတွေပဲ Content တွေကို ကြည့်ရှုနိုင်မှာပါ။

Miramax က သူတို့ ဖြန့်ချိထားတဲ့ ရုပ်ရှင်ကို အခြေခံထားတဲ့ ဒစ်ဂျစ်တယ် Collectible တွေကို ဖန်တီးခွင့်၊ ရောင်းချခွင့်ဟာ Tarantino မှာ မရှိဘူးလို့ ပြောပါတယ်။ Miramax က သူဟာ စာချုပ်ကို ချိုးဖျက်သလို မူပိုင်ခွင့်ကိုလည်း အလွဲသုံးစား ပြုလုပ်တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် Tarantino ဟာ ရေပန်းစားလာတဲ့ NFT ဈေးကွက်ကနေ အကျိုးအမြတ် ရယူချင်နေတယ်လို့ စတူဒီယိုက ပြောပါတယ်။

Ref : decrypt.co