နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Johnny Depp ဟာ အခုအချိန်မှာတော့ တခြားသော Celebrity တွေလိုမျိုးပဲ NFT စျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ “Never Fear Truth” လို့အမည်ရတဲ့ ကိုယ်ပိုင် NFT Project ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ကြေညာခဲ့တာပါ။

အဆိုပါ NFT Project ထဲမှာ Johnny Depp ရဲ့ သူငယ်ချင်း၊ မိသားစု၊ အထင်ကြီးလေးစားရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ Self-portrait ပုံတွေကို Artwork အနေနဲ့ ပြောင်းလဲရေးဆွဲထားမှာဖြစ်ပါတယ်။ အဆိုပါ Project ထဲမှာ NFT ပေါင်း ၁၀,၀၀၀ ကျော်ပါဝင်မှာဖြစ်ပြီး ရရှိငွေရဲ့ ၂၅ ရာခိုင်နှုန်းကို Great Ormond Street Children’s Hospital ၊ The Gonzo Trust အပါအဝင် ပရဟိတလုပ်ငန်းတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 

Johnny Depp ကတော့ အခုလိုမျိုး NFT အနေနဲ့ သူရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြောင်းလဲရောင်းချတာနဲ့ ပတ်သက်ပြီး “တစ်ဘဝစာလုံးမှာ ရေးဆွဲထားတဲ့ ပန်းချီကားတွေဟာ ကိုယ်တိုင်ပဲ ကြည့်ရှုနိုင်အောင် ကန့်သတ်ထားမိခဲ့တယ်။ ဒီလိုမျိုး ဘယ်သူမှ ကန့်သတ်ထားတာမျိုး မလုပ်သင့်တော့ဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Johnny Depp ဟာ အဆိုပါ Never Fear Truth အမည်ရှိတဲ့ NFT Project ကို စိတ်ဝင်စားတဲ့သူတွေအတွက် Discord Server တစ်ခုကိုပါ ဖွင့်လှစ်ထားပြီး အခုဆိုရင် ဝင်ရောက်ထားတဲ့သူပေါင်း ၃၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ တကယ်တမ်းရောင်းချတဲ့အချိန်မှာလည်း ဘယ်လောက်ထိရောင်းချရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – We Got This Covered