realme C35 ကို ပြီးခဲ့တဲ့လက NBTC မှာ မှတ်ပုံတင်ခဲ့ပြီး ဒီလ ၁၀ ရက်နေ့ ကြေညာမှာပါ။ realme Thailand က ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး Facebook နဲ့ Instagram အကောင့်တွေမှာ အဲဒီဖုန်းရဲ့ အဓိက Specs နဲ့ ဒီဇိုင်းတွေကို မျှဝေထားပါတယ်။
realme C35 မှာ ပြားချပ်တဲ့ ဖရိမ် တပ်ဆင်ထားပြီး ဓါတ်ပုံမှာ အစိမ်းရောင် မော်ဒယ်ကို မြင်ရပါတယ်။ တခြား အရောင်တွေလည်း ထုတ်လုပ်ထားနိုင်ပြီး အနောက်ဘက်မှာ 50MP အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။
၆.၆ လက်မ FullHD မျက်နှာပြင်နဲ့ Unisoc T616 SoC ထည့်သွင်းထားပြီး realme က OS ၊ RAM နဲ့ Storage သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် Geekbench က စာရင်းအရ Android 11 (realme UI 2.0 အခြေပြု ဖြစ်နိုင်ပါတယ်။ ) နဲ့ 4GB RAM ပါလာနိုင်ပြီး RAM ပိုများတဲ့ မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။
realme C35 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ USB-C Port ပါလာမှာ ဖြစ်ပြီး 18W Charging အထိ ထောက်ပံ့ထားမှာပါ။ 3.5mm Headphone Jack တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို ညာဘက်ဘေးက ပါဝါခလုတ်အောက်မှာ မြှပ်နှံထားမှာပါ။ အသံခလုတ်နဲ့ SIM Card Slot ကို ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းထားပါတယ်။
realme က တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကို ထပ်မံ မျှဝေမယ်လို့ ထင်ရပါတယ်။
Ref : gsmarena