NFT တွေဟာ လက်ရှိအချိန်မှာ ရေပန်းစားနေတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ လူတွေက သူတို့ပိုင်ဆိုင်တဲ့ NFT တွေကို တန်ကြေးပိုရအောင် အချင်းချင်းပြန်လည်ဝယ်ယူနေကြတာဖြစ်ပါတယ်။ ဒါဟာ ယခင်တုန်းကလည်း ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းက Blockchain Data Firm တစ်ခုဖြစ်တဲ့ Chainanlyis က ထုတ်ပြန်တဲ့ Report အရ အခုလိုမျိုး ပြန်လည်ရောင်းချ၊ ဝယ်ယူမှုတွေဟာ အလွန်များပြားနေတယ်လို့ သိရပါတယ်။
အခုလိုပြုလုပ်မှုကို “Wash Trading” လို့ ခေါ်ဆိုထားပြီး ယခင်တုန်းက Wall Street စျေးကွက်မှာ ပြုလုပ်ခဲ့တဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါ Report အရ တချို့သော တူညီတဲ့ Trader တွေဟာ NFT တစ်ခုတည်းကိုပဲ အကြိမ်ရေ ၂၅ ကြိမ်အထိ အပြန်အလှန်ရောင်းချနေကြတာဖြစ်ပါတယ်။
အခုလိုမျိုးပြုလုပ်မှုကနေ NFT ၁၁၀ ဝန်းကျင်ပိုင်ဆိုင်တဲ့ Trader Group တစ်ခုဟာ ဒေါ်လာ ၈.၉ သန်းအထိ ရရှိခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ဝက်ပိုင်းမှာ NFT Marketplace တွေမှာ ငွေဆေးကြောခြင်း (Money Laundering) ပြုလုပ်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒီအတွက် အဆိုပါ Report ကို ရေးသားသူတွေကတော့ NFT Wash Trading ဟာ လက်ရှိအချိန်မှာ တရားဝင်တယ်လို့ ပြောလို့ရတဲ့အခြေအနေမှာရှိနေပြီးတော့ တခြားသော Cryptocurrency ရောင်းဝယ်မှုတွေနဲ့ Futures မှာတော့ ပိတ်ပင်ထားပြီဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ NFT စျေးကွက်မှာလည်း Wash Trading ပြုလုပ်မှုကို အရေးယူဖို့ ပြုလုပ်သွားနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။
Ref – Engadget