Samsung ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Galaxy Unpacked 2022 ကို တိုက်ရိုက်ပြသတော့မှာ ဖြစ်ပြီး Galaxy S22 စမတ်ဖုန်းတွေနဲ့ Galaxy Tab S8 Device တွေကို ကြေညာမယ်လို့ ထင်ရပါတယ်။ ကုမ္ပဏီရဲ့ ဥက္ကဌ TM Roh က ဖန်တီးခဲ့ဖူးသမျှ S Series Device အားလုံးထဲမှာ အကောင်းဆုံး ဖြစ်မယ်လို့ အရိပ်အမြွက်ပြောထားပြီး Galaxy S22 Ultra ကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။

Unpacked Event ကို ဒီနေ့ည ၉ နာရီခွဲ ဝန်းကျင်မှာ Samsung Website နဲ့ YouTube မှာ ပြသမှာ ဖြစ်ပါတယ်။ Decentraland ပလက်ဖောင်းကနေလည်း VR နဲ့ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပြီး ကြည့်ရှုသူတွေဟာ Samsung ရဲ့ NYC စတိုး တည်နေရာကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S22 Ultra Winfuture Leak

Samsung က Unpacked Event မှာ Galaxy S22 Series စမတ်ဖုန်းတွေကို ကြေညာမယ်လို့ထင်ရပြီး ပေါက်ကြားသတင်းတွေအရ အရင်နှစ် မော်ဒယ်တွေထက် အနည်းငယ်ပဲ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇိုင်းအသစ်ကို အသုံးပြုထားမှာ ဖြစ်ပြီး Snapdragon 8 Gen 1 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ Exynos 2200 ကို အသုံးပြုထားမှာပါ။

အားလုံးထဲမှာ Galaxy S22 Ultra ကို လူစိတ်အဝင်စားဆုံး ဖြစ်ပြီး Galaxy Note ကို အစားထိုးထားတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ပေါက်ကြားသတင်းတွေအရ အဲဒီ စမတ်ဖုန်းမှာ အရွယ်ကြီး ၆.၈ လက်မ မျက်နှာပြင်နဲ့ S Pen Slot ထည့်သွင်းထားမှာ ဖြစ်ပြီး 45W Charging ပါလာနိုင်ပါတယ်။

Ref : reviewgeek