Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး Flagship Series ဖုန်းတွေဖြစ်တဲ့ Galaxy S22 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ပုံမှန် Galaxy S22 နဲ့ S22+ ဖုန်းတွေဟာ Design ပိုင်းအနည်းငယ်ပြောင်းလဲထားသလို Camera ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားတာကြောင့် လောလောဆယ်မှာ ကောင်းမွန်တဲ့ဝေဖန်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။
Galaxy S22 Ultra ဆိုရင်လည်း S Pen ပါဝင်လာသလို ယခင် Galaxy Note Series ဖုန်းအတိုင်း Feature တွေပါဝင်လာပြီဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Galaxy S22 Series ဟာ Samsung ကနေ မူလခန့်မှန်းထားတဲ့နှုန်းထက် ဝယ်လိုအားပိုများနေပြီဖြစ်ပါတယ်။
ဒီလိုမျိုး ဝယ်လိုအားပိုများနေတဲ့အတွက် မကြာသေးမီကမှ Samsung CEO ကိုယ်တိုင် Vietnam မှာရှိတဲ့ Samsung ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အခုလည်း တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ The Elec ရဲ့ ပြောကြားချက်အရ Samsung ကနေ Galaxy S22 Series ရဲ့ ထုတ်လုပ်မှုတွေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ရပြီလို့ သိရပါတယ်။
အဲ့ဒီအတွက် Samsung ဟာ Galaxy S22 Series ဖုန်းအလုံးရေ သန်း ၃၀ အထိ ရောင်းချဖို့အထိ ရည်မှန်းထားပြီး အဆိုပါဖုန်းတွေထဲမှာ Galaxy S22 ၁၂ သန်း၊ Galaxy S22+ ၈ သန်းနဲ့ Galaxy S22 Ultra ကို ၁၀ သန်းပါဝင်မှာဖြစ်ပါတယ်။
Samsung ဟာ ယခု Galaxy S22 Series ဖုန်းတွေမှာ ယခင် S21 Series ဖုန်းတွေတုန်းက ဝေဖန်ခံရတဲ့အချက်တွေအကုန်လုံးနီးပါးကို ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ Galaxy S22 ဆိုရင်လည်း ယခင်တုန်းကနဲ့မတူတော့ဘဲ Plastic Back အစား Glass ကိုပဲ ပြောင်းလဲသုံးစွဲခဲ့သလို S22 Ultra ကလည်း Note Series ကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်လာမှာပါ။
Ref – Gizmo China