Xiaomi ဟာ အခုအချိန်မှာ စမတ်ဖုန်းစျေးကွက်ထဲမှာ အောင်မြင်မှုကို ရရှိနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Xiaomi ဖုန်းတွေဟာ စျေးကွက်ထဲမှာ စျေးသက်သာတဲ့ဖုန်းတွေအနေနဲ့ပဲ အဓိကအောင်မြင်နေတာဖြစ်ပါတယ်။
အခုလည်း Xiaomi Founder နဲ့ CEO ဖြစ်တဲ့ Lei Jun ကနေ Xiaomi ဟာ High End စမတ်ဖုန်းစျေးကွက်မှာပါ Apple ကို ကျော်တက်မယ်ဆိုပြီး ပြောကြားလိုက်ပါပြီ။ Lei Jun ရဲ့ ပြောကြားချက်အရတော့ Xiaomi ဟာ Apple Product တွေကို Quality ပိုင်းအရတင်မဟုတ်ဘဲ Overall User Experience ပိုင်းအရပါ ပိုကောင်းအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Xiaomi အနေနဲ့ ဒီလိုမျိုး High End စမတ်ဖုန်းစျေးကွက်ကို ပြိုင်ဆိုင်မှာက တရုတ်နိုင်ငံစျေးကွက်တင်မဟုတ်ဘဲ Global စျေးကွက်မှာပါ ဝင်ရောက်ဖို့ကိုပါ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်လာဖို့အထိ စီစဥ်ထားတယ်လို့ သိရပါတယ်။ Lei Jun ရဲ့ ပြောကြားချက်အရတော့ လာမယ့် ၅ နှစ်အတွက် ၁၀၀ ဘီလီယံယွမ် (ဒေါ်လာ ၁၅.၇၁ ဘီလီယံ) အထိ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ အခုအချိန်မှာ Apple နဲ့ Samsung လိုမျိုး ကုမ္ပဏီကြီးတွေရဲ့ အနောက်မှာပဲ တတိယအနေနဲ့ပဲရှိနေသေးတာကြောင့် နောက်ပိုင်းမှာ High End စျေးကွက်မှာပါ အောင်မြင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – Gizmo China